ရန်ကင်းမြိနယ်တွင်အမျိုးသားရေးတက်​ကြွလှုပ်ရှားသူ အဆိုတော် လီလီနိုင်ကျော် ကို အကြမ်းဖက်သမားတစ်ဦးက အနီးကပ် ပစ်ခတ်

မေ ၃၀

    ယနေ့ ည ၇ နာရီ ၅ မီးနစ်အချိန်ခန့်တွင် ရန်ကုန် တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၂)ရပ် ကွက်၊ရန်ရှင်းလမ်း၊တိုက်(က/၂၆၅၊ အခန်း-၇)ရှေ့တွင် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ အဆို တော် မလီလီနိုင်ကျော် သည် ယာဉ်အမှတ် YGN 2I-4574 Nissian PINO အပြာနုရောင်ယာဉ်ဖြင့် အပြင်မှ နေအိမ်သို့ ပြန်လာပြီး ကားပေါ်မှဆင်းရန် ပြင်ဆင်နေစဉ်  လမ်းလျှောက်လာသည့် လူသတ်အကြမ်းဖက် PDF  ၁ ဦး (စိစစ်ဆဲ)မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် မလီလီနိုင်ကျော် ၌ ယာပါး(ယာနားထင်အနီး)ထိမှန်ဒဏ်ရာ ၁ ချက် (စိုးရိမ်ရ)ရရှိခဲ့ကြောင်း၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီးကုတင်(၁၀၀၀)သို့ ပို့ဆောင်ကုသလျက်ရှိကြောင်းသတင်းရရှိပါသည်။

​      ပြီးခဲ့သည့် မေလ ၂၆ရက်နေ့တွင်လည်းအမျိုးသားရေးတက်ကြွလှုပ်ရှားသူ ဦးတင့်လွင်သည်လည်းအကြမ်းဖက် PDFတို့၏ ပစ်ခတ်မှု့ကြောင့် သေဆုံးခဲ့ရသည်။ NUGလက်ဝေခံ PDF အကြမ်းဖက်သမားတို့သည် တပ်မတော်ကို ထောက်ခံအားပေးသူများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊အုပ်ချုပ်ရေးမှူးများနှင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများကို ပစ်မှတ်ထား၍ မကြာခဏ လုပ်ကြံသတ်ဖြတ်လျက်ရှိကြောင်း သိရှိရပါ သည်။

#PAN