ဆွမ်းခံကြွရာမှ မျက်စိလည်လမ်းမှားပြီး ကိုရင် ၄ ပါးပျောက်ဆုံးနေ

မေ ၃၀

   မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊သီရိမာလာအနောက်၊ချမ်းသာကြီးမြောက်တိုက်၊သီရိမာလာကျောင်း ဆရာတော်ဦးသာဓိနကျောင်းတွင်သီတင်းသုံးနေထိုင်တော်မူသော စာသင်သားကိုရင်ငယ် ၄ ပါးသည် ယနေ့နံနက်တွင် ဆွမ်းခံကြွရာမှမျက်စိလည်လမ်းမှားပြီးကျောင်းသို့ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲပျောက်ဆုံးနေကြောင်း သိရပါသည်။

    ဖော်ပြပုံတွင် အဝိုင်းပြထားသောကိုရင် ၂ပါးနှင့်အတူလေးပါးပျောက်ဆုံးနေခြင်းဖြစ်ကြောင်း၊ အဆိုပါကိုရင်များကို တွေ့ရှိပါက ဖော်ပြပါ ဖုန်းနံပါတ်သို့ ဆက်သွယ်အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံထားကြောင်း သိရပါသည်။

ဆက်သွယ်ရန် ဖုန်းနံပါတ်>> 09407842538

#PAN