“Kosovo နိုင်ငံရှိ ဆာ့ဘ်လူမျိုးများ၏ အစိုးရဆန့် ကျင်းရေး ဆန္ဒပြမှုများ ကိုပိတ်ဆို့ တားဆီးခဲ့ကြသည့် NATO တပ်များ၏ တပ်ဖွဲ့ဝင်များ”

မေလ ၂၉

Kosovo နိုင်ငံ၏ မြို့တော် Pristina မြို့၏ မြောက်ဘက်ရှိ မြူနီစီပယ်အဆောက်အအုံများကို ပိတ်ဆို့ကာNATO တပ်ဖွဲ့ဝင် (KFOR)များက ဆာ့ဘ်လူမျိုးများ၏အစိုးရအား ဆန္ဒပြမှုများကို ဟန့်တားခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါဆန္ဒပြပွဲများကို လူစုခွဲသည့် နည်းလမ်းများဖြင့် ကိုဆိုဗိုရှိ နေတိုးဦးဆောင်သော နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ (KFOR) တပ်ဖွဲ့ဝင် အများအပြား သည်မြို့တော်ရှိ Zvecan၊ Leposavic နှင့် Zubin Potok အမည်ရှိ စည်ပင်သာယာ အဆောက်အအုံများ အနီးတွင် ယနေ့မေလ ၂၉ရက်နေ့ နံနက်ပိုင်းတွင် တပ်စွဲထားခဲ့ ကြတာလည်းဖြစ်တယ်လို့ Kosovo နိုင်ငံရှိ အွန်လိုင်းသတင်းများတွင် ဖော်ပြ ပြောဆ်ို နေကြတာလည်းဖြစ်ပါတယ်။

NATO တပ်ဖွဲ့ဝင်များ၏ နောက်တွင် ဆာ့ဘ်လူမျိုး များကို အဆိုပါအဆောက်အအုံများသို့ သွားခွင့် မပြုရန် နိုင်ငံ၏ဒေသဆိုင်ရာရဲတပ်ဖွဲ့များ၏ တပ်ဖွဲ့ဝင်များ ရှိနေကြတာလည်းဖြစ်ပါတယ်။

အဆိုပါ NATO တပ်ဖွဲ့ဝင် (KFOR)တပ်ဖွဲ့များက ဆန္ဒပြပွဲတွင် ဆားဘီးယားနိုင်ငံ၏ ဆန္ဒပြ သူများကို စတန့်ဗုံးများနှင့် မျက်ရည်ယိုဗုံးများ အသုံးပြုပြီး လူစုခွဲခဲ့ကြောင်း သတင်းဌာနများက ဖော်ပြပြော ဆိုထားပါတယ်။