မေ ၂၉
ဆိုင်ကလုန်း မိုခါ (MOCHA) မုန်တိုင်းဘေး ဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ဆိုးလ်မြို့ အခြေစိုက် THL Networks Co., Ltd ဥက္ကဋ္ဌ Mr. Cheong Sang-Jin က အလှူငွေ ကိုရီးယားဝမ် ၁,၀၀၀,၀၀၀ (ကိုရီးယားဝမ်တစ်သန်းတိတိ) နှင့် The Asian Union Forum က အလှူငွေ ကိုရီးယားဝမ် ၁,၀၀၀,၀၀၀ (ကိုရီးယားဝမ်တစ်သန်းတိတိ) တို့ကို ၂၉-၅-၂၀၂၃ ရက်နေ့တွင် မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ လာရောက်၍ ပေးအပ်လှူဒါန်းခဲ့ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က အလှူငွေများကို လက်ခံခဲ့ပါသည်။
ထို့နောက် သံအမတ်ကြီး ဦးသန့်စင်က မိုခါမုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရမှုများကို ရှင်းလင်းပြောကြားကာ အခုကဲ့သို့ မုန်တိုင်းသင့်ပြည်သူများအတွက် လိုအပ်ချက်များကို ပံ့ပိုးပေးသည့်အတွက် မြန်မာအစိုးရကိုယ်စားကျေးဇူးတင်ရှိပါကြောင်းနှင့် အလှူငွေများအား မြန်မာနိုင်ငံသို့ ဆက်လက် လွှဲပြောင်းပေးအပ်သွားမည်ဖြစ် ကြောင်း ပြောကြား၍ ကျေးဇူးတင်လွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားပါသည်။
#PAN