သံဖြူဇရပ်မြို့နယ်၊သံဖြူဇရပ်- ရေးကားလမ်း တွင် KNLA တပ်မဟာ(၆)မှ အကြမ်းဖက်သောင်းကျန်းသူများက ၆ ဘီးယာဉ် ၁ စီးနှင့် ၁၂ ဘီးယာဉ် ၁ စီး တို့အား သေနတ်ဖြင့်ပစ်ခတ်တားဆီးပြီး မီးရှိုဖျက်ဆီး

မေ ၂၉

     ယနေ့ နံနက် ၇ နာရီခွဲချိန်ခန့်တွင် မွန်ပြည် နယ်၊သံဖြူဇရပ်မြို့နယ်၊အေးကမ္ဘာကျေးရွာ – ဘေးလမိုင်းကျေးရွာ အကြား၊သံဖြူဇရပ်- ရေးကားလမ်းတွင် KNLA တပ်မဟာ(၆)၊ ရင်း(၂၇)၊ ခွဲ(၄)မှ ခေါင်းဆောင်(စိစစ်ဆဲ)အင်အား ၃၀ ဦးခန့်သည် ရေးမြို့မှ မော်လမြိုင်မြို့ဘက်သို့ ယာဉ်မောင်း(စိစစ်ဆဲ) ၂ ဦး မောင်းနှင်သည့်  ဆိုင်ကယ် အဟောင်းများတင်ဆောင်ထားသော ၆ ဘီးယာဉ် ၁ စီးနှင့် ၁၂ ဘီးယာဉ် ၁ စီး တို့အား လက်နက်ငယ်များဖြင့်ပစ်ခတ်တားဆီး၍ ၆ ဘီးယာဉ်ခေါင်းခန်းမီးရှို့ ဖျက်စီးခဲ့ကြောင်း သိရှိရပါသည်။

     ၎င်းနောက် ၀၇၄၅ နာရီတွင် KNLA တပ်မဟာ (၆)၊ ရင်း(၂၇)၊ ခွဲ(၄)မှအဖွဲ့ဝင်များသည် အေးကမ္ဘာကျေးရွာ၏ အရှေ့ဘက်သို့ထွက်ခွာသွား ကြောင်းနှင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာထွက်ပြေးတိမ်းရှောင် လျက်ရှိကြောင်း သိရှိရပြီး မီးရှိုဖျက်ဆီးရသည့် အကြောင်းအရင်းကို မသိရှိရသေးကြောင်း သတင်းရရှိပါသည်။

#PAN