လှိုင်မြို့နယ်၊ဘုရင့်နောင်လမ်းမပေါ် ပါရမီမီးပွိုင့်အနီးတွင် မီးနီနေစဥ်ဖြတ်မောင်းသော YBS- 21 ယာဉ်နှင့် Taxi တို့ ယာဥ်တိုက်မှုဖြစ်ပွားပြီး၂ ဦးသေဆုံး


မေ ၂၁

      ယမန်နေ့ ည ၁၀ နာရီ ၂ မီးနစ်အချိန်ခန့်က
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်
မြို့နယ်၊အမှတ်(၁၅)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမ
ပေါ် ပါရမီမီးပွိုင့်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ကျား တစ်ဦး၊ မ တစ်ဦး စုစုပေါင်း နှစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရပါသည်။

    ဖြစ်စဥ်မှာ YBS- 21 ယာဉ်တစ်စီးသည် မီးပွိုင့် မီးနီနေသည်ကို ဖြတ်မောင်းရာမှ Taxi နှစ်စီးနှင့် တိုက်မိခဲ့ခြင်းဖြစ်ပြီး Caldina အမျိုးအစား Taxi အတွင်းမှ သေဆုံးသူ ကျား တစ်ဦး၊ မ တစ်ဦး ကားအတွင်းညပ်နေသဖြင့် လှိုင်မြို့နယ် မီးသတ်စခန်းမှ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရကြောင်း သိရှိရပါသည်။

     YBS- 21 ယာဥ်မောင်းမှာ ထွက်ပြေးသွားခဲ့ပြီး ဖမ်းဆီးရမိရေး လှိုင်မြို့နယ် ရဲစခန်းတွင်အမှုဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

https://t.me/positiveanglenews

PAN