ရေစကြိုမြို့၊မြို့နယ်စီမံအဖွဲ့ဝင်အိမ်သို့ လူသတ်အကြမ်းဖက် PDFများ ဝင်ရောက်မေးမြန်းရှာဖွေစဥ် လုံခြုံရေးအဖွဲ့နှင့် ပစ်ခတ်မှုဖြစ်ပွား


မေ ၂၀

     ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊ရေစကြိုမြို့၊အမှတ် (၈)ရပ်ကွက်နေ မြို့နယ်စီမံအဖွဲ့ဝင်(၂) ၊ ဦးကျော်ဝင်း နေအိမ်အား လူသတ်အကြမ်းဖက် PDF ၆ ဦး
က ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာကြပြီး ၄င်း နေအိမ်တွင် စီမံအဖွဲ့ဝင် ရှိ/ မရှိ မေးမြန်းရှာဖွေနေစဥ် လုံခြုံရေးအဖွဲ့များအချိန်မီရောက်ရှိလာပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပါသည်။

   လုံခြုံရေးအဖွဲ့များ၏ ပစ်ခတ်မှုကြောင့်အကြမ်းဖက်များ ဆိုင်ကယ်စီး၍ ထွက်ပြေးသွားရာ အကြမ်းဖက်များ၏  ဆိုင်ကယ်တစ်စီးမှာကျန်ရစ်ခဲ့ကြောင်း၊အကြမ်းဖက်များသည် မြို့နယ်စီမံအဖွဲ့ဝင်နေအိမ်မှ ငွေကျပ် ၂ သိန်းခန့်ယူဆောင်သွားကြောင်းနှင့် စီမံအဖွဲ့ဝင် မိသားစုများ ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း သတင်းရရှိပါသည်။

https://t.me/positiveanglenews

PAN