ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီး 7 နှစ်အကြာမှာ ချန်ပီယံရှစ်ဆီ တန်းဆင်းသွားရတဲ့ လက်စတာ

မနေ့ညက ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်မှာ လက်စတာအသင်းက ဝက်စ်ဟမ်းကို 2 ဂိုး 1 ဂိုးနဲ့ အနိုင်ရခဲ့ပေမဲ့ တဖက်ပွဲစဉ်မှာ အဲဗာတန်အသင်းက ဘုန်းမောက်ကို 1 ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့လို့ လက်စတာအသင်းတန်းဆင်းသွားခဲ့ရတာပါ။
ဆောက်သမ်တန်၊ လိဒ်တို့နဲ့အတူ 2014-15 ရဲ့ ချန်ပီယံအသင်းဟာ တန်းဆင်းဖို့ ဖြစ်လာခဲ့ပါတယ်။ ဘန်လေ၊ ရှက်ဖီးယူနိုက်တက်နဲ့ လူတန်တောင်းအသင်းတွေကတော့ ချန်ပီယံရှစ်ကနေ တန်းတက်ခွင့်ရရှိခဲ့ကြပါတယ်။