နေပြည်တော်၊ ပုဗ္ဗသီရီမြို့နယ်၊ရထားမိုင်တိုင် ၂၂၇၊၁၆/၁၇၊အနီးတွင် ရန်ကုန် မှ မန္တလေး သို့ အဆန်ကုန်ရထားတံခါးနှင့်တိုက်မိပြီး အမည်မသိသံဃာတစ်ပါး ပျံလွန်တော်မူ


မေ ၁၇

     ယနေ့ မွန်းလွဲ ၂ နာရီ ၄၅ မီးနစ်အချိန်ခန့်တွင် နေပြည်တော်၊ ပုဗ္ဗသီရီမြို့နယ်၊ ဘဲကုန်းအုပ်စု၊ဥသျှစ်ကုန်းကျေးရွာအနီး ရထားမိုင်တိုင် ၂၂၇၊၁၆/၁၇၊အနီးတွင် ရန်ကုန် မှ မန္တလေး သို့ အဆန်ကုန်ရထားအမှတ် ၉၂၃၊စက်ခေါင်မောင်း စခမ (၃)၊ ဦးကျော်ကျော်ဝင်း မောင်းနှင့်လာသော ကုန်ရထားတွဲ တံခါးနှင့် အမည်၊ နေရပ်လိပ်စာ စုံစမ်းဆဲ၊ သံဃာတစ်ပါးအား တိုက်မိရာ ယားနားနောက် ဖူးရောင်၊နားနှခေါင်သွေးထွက်၊ဝဲခြေ ခ လယ်ပြတ် ဒဏ်ရာများဖြင့် နေရာတွင် ပျံလွန်တော်မူခဲ့ပါသည်။

    အဆိုပါ သေဆုံးသူ အမည်မသိ သံဃာ ကို 4I/I6118၊ယာဥ်မောင်း ဦးထွန်းထွန်းနိုင် မောင်းနှင်းသော သဗ္ဗသုခနားရေးကူညီမူ အသင်းယာဥ်ဖြင့် ကုတင် (၁၀၀၀)ပြည်သူဆေးရုံကြီးသို့ မွန်းလွဲ ၃ နာရီ ၄၅ မီးနစ်အချိန်တွင် ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

https://t.me/positiveanglenews