“ဆီမီးကွန်ဒတ်တာဆိုင်ရာ စက်မှုလုပ်ငန်းများတွင် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ထုတ်လုပ်မှုများ ပိုမိုအား ကောင်းစေရန် ဆန္ဒရှိကြောင်း အချက်ပြခဲ့သည့် တောင်ကိုရီးယား”

မေလ ၂၉

တောင်ကိုရီးယားနိုင်ငံသည် တရုတ်နှင့် ပူးပေါင်း ဆောင်ရွက်မှုများဖြင့် ဆီမီးကွန်ဒတ်တာ ဆိုင်ရာ စက်မှုလုပ်ငန်းများတွင် အားကောင်းစေရန် ဆန္ဒရှိကြောင်း ပြီးခဲ့သည့် မေလ ၂၆ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် Asia-Pacific Economic Cooperation (APEC) နိုင်ငံများ၏ ဝန်ကြီးများ ထိပ်သီး အစည်းအဝေးတွင် ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

Bloomberg သတင်းဌာန၏ သတင်း ဖော်ပြချက် များအရ အခြားအနောက်တိုင်း မီဒီယာများသည် တောင်ကိုရီးယားဟာ တရုတ်နိုင်ငံ၏ Micron Chip သေးငယ်သော ကွန်ပြူတာနည်းပညာဆိုင်ရာ ချစ်ပ်များ ထုတ်လုပ်နေမှုများတွင် အရင်းအနှီး ထည့်ဝင်ခြင်းမှ ရှောင်ကြဉ်မည်ဖြစ်ကြောင်း အစီရင်ခံတင်ပြထား ပြီးဖြစ်သော်လည်း အဆ်ိုပါ အချက်ပြလှုပ်ရှားမှုသည် အမေရိကန် ဝါရှင်တန် အပေါ် တွန်းအားပေး ခြိမ်းခြောက်မှုကြီး တစ်ခုလည်း ဖြစ်တယ် လို့ဖော်ပြထားပါတယ်။

မကြာသေးမှီက ကျင်းပပြုလုပ်ခဲ့သည့် G7 ထိပ်သီးအစည်းအဝေးပွဲအပြီးတွင် ဂျပန်နိုင်ငံသည် အမေရိကန်က ဦးဆောင်သော တရုတ်နိုင်ငံ၏ ဆီမီးကွန်ဒတ်တာဆိုင်ရာစက်ပစ္စည်း တင်ပို့မှုများကို တားမြစ်ရေး မူဝါဒများ ချမှတ်ခဲ့ကြတာလည်း ဖြစ်ပြီး အာရှတိုက်သည် တရုတ်နိုင်ငံအပေါ် အမေရိကန် နည်းပညာစစ်ပွဲ၏ တိုက်ပွဲနေရာ တစ်ခုလည်း ဖြစ်လာခဲ့ပါတယ် လို့သတင်းဌာနများ ကဖော် ပြပြောဆိုနေကြပါတယ်။