စစ်ကိုင်းမြို့နယ်အတွင်း  လူသတ်အကြမ်းဖက် PDF များက အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ပြီး အကြမ်းလုပ်ရပ်များ လှုပ်ရှားဆောင်ရွက်


မေ ၁၉

     စစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွက်၊ဈေးကုန်းရပ်ရှိ လူမှုဖူလုံရေးရုံးအား ဆေးရုံကြီးလမ်းအတိုင်း အရှေ့မှအနောက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်ပေါ်မှ လူသတ်အကြမ်းဖက် PDF အမျိုးသား ၂ ဦး(စိစစ်ဆဲ)က
လက်လုပ်မိုင်း ၁ လုံးဖြင့် လူမှုဖူလုံရေးရုံးအား ပစ်ခတ်ခဲ့၍ လက်လုပ်မိုင်းမှာ လူမှုဖူလုံရေးရုံးဝင်ပေါက်အနီး မြေကွက်လပ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် တစ်စုံတရာ ထိခိုက်ပျက်စီးမှုမရှိကြောင်း၊အကြမ်းဖက် PDF ၂ ဦးမှာ စစ်ကိုင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာဘက်သို့
ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသွားပါသည်။

      ထို့ပြင် ယမန်နေ့ ည ၁၀ နာရီအချိန်ခန့်တွင်
စစ်ကိုင်းမြို့နယ်၊ ညောင်ပင်စဉ်ကျေးရွာနေ ဦးမြင့်ဇော်၊ ၅၅ နှစ်၊(ဘ)ဦးစိန်မြင့်၊ဗမာ/ဗုဒ္ဓ၊ဘူးခွံ/ပုလင်းခွံရောင်းဝယ်လုပ်ကိုင်သူသည် ဇနီးဖြစ်သူ ဒေါ်သက်သက်မာ၊ ၄၅ နှစ်၊(ဘ) ဦးသန်းဝင်း၊ ဗမာ/ဗုဒ္ဓ၊ ဘူးခွံ/ပုလင်းခွံရောင်းဝယ်လုပ်ကိုင်သူနှင့် ဒေါ်သက်သက်မာ မောင်ဖြစ်သူ
ကိုကျော်ဇောဝင်း၊ ၄၃ နှစ်၊(ဘ)ဦးသန်းဝင်း၊ဗမာ/ဗုဒ္ဓ၊ ရွာထောင်စာတိုက်မှူးတို့နှင့်အတူ နေအိမ်တွင် အိပ်ပျော်နေစဉ် အကြမ်းဖက် PDF အမျိုးသား ၅ ဦး(စိစစ်ဆဲ)က နေအိမ်အတွင်း ဝင်ရောက်လာပြီး ဒလန်ဟုစွပ်စွဲကာ သေနတ်(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့၍ ဦးမြင့်ဇော်တွင် ပါးစပ်ဖောက်ဝင်ဒဏ်ရာ၊ ဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာ၊ ဒေါ်သက်သက်မာတွင် ဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာ၊ယာရင်ညွန့် ဖောက်ဝင်ဒဏ်ရာနှင့် ကိုကျော်ဇောဝင်းတွင် နဖူးဖောက်ဝင်ဒဏ်ရာ၊ လည်ပင်းဖောက်ဝင်ဒဏ်ရာ၊ ယာပေါင် ဖောက်ဝင်ဒဏ်ရာ၊ မေးစေ့ဖောက်ဝင်ဒဏ်ရာတို့ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံး သွားခဲ့ပါသည်။

     အလားတူ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင်လည်း စစ်ကိုင်းမြို့နယ်၊ ဗြဲတရော်ကျေး ရွာနေ ဦးဝင်းပျို၊ ၅၂ နှစ်၊(ဘ)ဦးလှအောင် ဗမာ/ဗုဒ္ဓ၊ကျဘမ်းလုပ်ကိုင်သူသည် ဇနီးဖြစ်သူ ဒေါ်သီတာ၊၅၁ နှစ်၊(ဘ)ဦးလှသန်း၊ ဗမာ/ဗုဒ္ဓ၊မှီခိုနှင့်အတူနေအိမ်တွင် အိပ်ပျော်နေစဉ် လူသတ်အကြမ်း ဖက် PDF အမျိုးသား ၅ ဦး(စိစစ်ဆဲ)က နေအိမ်အတွင်း ဝင်ရောက်လာပြီး ဒလန်ဟုစွပ်စွဲကာ သေနတ်(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ပြီး ဓါးဖြင့်ထိုးခုတ်ခဲ့ရာ ဦးဝင်းပျိုတွင် ဝဲဂျိုစောင်းဖောက်ဝင်ဒဏ်ရာ၊ ယာပေါင်ဖောက်ဝင်ဒဏ်ရာ၊ ယာလက် ပြတ်ရှ ကျိုးကြေဒဏ်ရာနှင့် ဒေါ်သီတာတွင် ဝမ်းဗိုက်ပေါက်ပြဲအူများထွက်ကျပြီး အခင်းဖြစ်နေရာတွင် နှစ်ဦးစလုံးသေဆုံးသွားခဲ့ကြောင်း သတင်းရရှိပါသည်။

https://t.me/positiveanglenews

PAN