ချမ်းမြသာစည်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင်နှင့် ဝန်းရံသူများကို လူသတ်အကြမ်းဖက် PDF များက ပစ်မှတ်ထား ပစ်ခတ်သတ်ဖြတ်


မေ ၁၉

     ယနေ့ နံနက် ၇ နာရီ ၁၅ မီးနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်၊အောင်ပင်လယ်ရပ်ကွက်၊အကွက် ၁၂/၅၊၅၂-အေလမ်း၊၁၀၃-အေနှင့်၁၀၄လမ်းကြားရှိ ရာအိမ်မှုး ဦးသန်းနိူင်နေအိမ်အား ၅၂-အေလမ်းအတိုင်း တောင်မှမြောက်သို့ လူသတ်အကြမ်းဖက် PDF ၂ ဦးစီးနင်းလာသော CZI အမျိုးအစား အနက်ရောင်ဆိုင်ကယ်ပေါ်မှ လက်လုပ်မိုင်းဖြင့်ပစ်ခတ်ပြီးထွက်ပြေးသွားခဲ့ပါသည်။

    ထို လက်လုပ်မိုင်းမှာ ဦးသန်းနိူင်၏နေအိမ်ရှေ့တွင်ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်ရှေ့တွင်ထိုင်နေသော ဦးသန်းနိုင်၏ မိခင် ဒေါ်နီ၊၆၇နှစ်၊(ဘ)ဦးဖိုးခွေးတွင် ယာ-ခြေမျက်စိ ထိမှန်ဒဏ်ရာ ၁ချက်၊ယာ-ခြေသလုံး ထိမှန်ဒဏ်ရာ ၂ချက်၊နဖူး ထိမှန်ဒဏ်ရာ ၁ချက်၊ဝဲ-ရင်ဘတ် ထိမှန်ဒဏ်ရာ ၁ချက်၊နောက်စေ့ ထိမှန်ဒဏ်ရာ ၁ချက်(စိုးရိမ်ရ)၊ဖိုးချစ်၊၃၈နှစ်၊(ဘ)ဦးလှဝင်းတွင် ဝဲ-ခြေမျက်စိ ထိမှန်ဒဏ်ရာ ၁ချက်၊ဝဲ-လက်သန်း ထိမှန်ဒဏ်ရာ ၁ချက်၊ယာ-ဂျိုင်းအောက် ထိမှန်ဒဏ်ရာ ၁ချက်(မစိုးရိမ်ရ)၊မအေးအေးနွယ်၊၃၇နှစ်၊(ဘ)ဦးလူလေးတွင် ယာ-ရင်ဘတ်ထိမှန်ဒဏ်ရာ ၁ချက်၊နဖူးထိမှန်ဒဏ်ရာ ၁ချက်(မစိုးရိမ်ရ)တို့ရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဥ် ဒေါ်နီမှာ ရရှိဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သတင်းရရှိပါသည်။

    အဆိုပါ ရာအိမ်မှုး ဦးသန်းနိုင်သည် ပြည်ခိုင်ဖြိုးပါတီ၊အောင်ပင်လယ်ရပ်ကွက်၊အတွင်းရေးမှူးဖြစ်ပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူသည်လည်း ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူများဖြစ်ကြကြောင်းနှင့် လူသတ်အကြမ်းဖက် PDF များသည် ငါနှင်မတူ ငါ့ရန်သူဟူသော အကြမ်းဖက်ဝါဒဖြင့် ပြည်ခိုင်ဖြိုးပါတီဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ စစ်မှုထမ်းဆဲ/ဟောင်းများ၊ Non CDM ဝန်ထမ်းများကို ပစ်မှတ်ထား၍ ပစ်ခတ်သတ်ဖြတ်နေကြောင်း သိရှိရပါသည်။

https://t.me/positiveanglenews

PAN