မြောင်မြို့နယ်ထုံကြိုင်းကျေးရွာအနီး PDF အမည်ခံ လူသတ်အကြမ်းဖက်သောင်းကျန်းသူများ၏ စခန်းကို ရှင်းလင်းရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မေ ၂၈

     ယမန်နေ့ နံနက် ၅ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြိုနယ်၊ ထုံးကြိုင်ကျေးရွာအနီးတွင် အဖျက်အမှောင့် လုပ်ဆောင်နေသော PDF အမည်ခံ လူသတ်အကြမ်းဖက်သောင်းကျန်းသူ
များ ခိုအောင်းနေကြောင်း တာဝန်သိပြည်သူ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲဝင်များက သွားရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက် PDF များမှာ ခြေလွတ်လက်လွတ် ထွက်ပြေးသွားကြရကြောင်း သိရှိရပါသည်။

      ၎င်းနေရာမှ အကြမ်းဖက် PDF များ၏ လက် လုပ်စိန်ပြောင်း ၂ လက်၊ လက်လုပ် ၄၀ မမ သေ နတ် ၂ လက်၊ လက်လုပ်သေနတ် ၇ လက်၊ ကျည်မျိုးစုံ ၄၁၉ တောင့်၊ ကီးပတ်ဖုန်း ၂ လုံး၊ လက် လုပ်မိုင်း ၁၀ လုံး၊ လက်လုပ်ရှော့တိုက်ဗုံးသီး ၆ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၇ လုံး၊ ဆိုင်ကယ်မျိုးစုံ  ၃ စီး၊ အင်ဗာတာ ၂ လုံး၊ နိုင်လွန်ကြိုး ၇ ခွေ၊ ​ယမ်းကြိုး ၁ ခွေ၊ ယမ်းထုတ် ၁၁ ထုတ်၊ ဒီတိုနေတာ ၃ ခု၊ ဘတ္ထရီအိုး ၁ လုံး၊ ဝရိန်ပုံး ၁ ပုံး၊ လူနေတဲ ၁ လုံးတိုအား သိမ်းဆည်းရရှိခဲ့ပါသည်။

    ဆက်လက်ပြီး ၎င်းကျေးရွာရှိ စာသင်ကျောင်း အတွင်းအား အသေးစိတ်ဝင်ရောက်ရှင်းလင်းခဲ့ရာ
လက်လုပ်သေနတ် ၄ လက်၊ အမ်-၂၂ ကျည် ၁၁၀ တောင့်၊ ပြောက်ကျားယူနီဖောင်း ၃ စုံ၊ ပြောက် ကျားကျည်ကာအခွံ ၃ စုံ တိုအား သိမ်းဆည်းရရှိခဲ့ပြီး ထွက်ပြေးသွားသော အကြမ်းဖက်သောင်း ကျန်းသူ PDF များကို လိုက်လံရှာဖွေရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိပါသည်။

PAN