ကော့ကရိတ်မြို့၊ ခရိုင်မီးသတ်ရုံးသို့ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ၆၀ မမဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သားပြည်သူ ၂ ဦးသေဆုံး

မေ ၂၈

    ယနေ့ မွန်းတည့် ၁၂၀၀ နာရီချိန်ခန့်တွင် ခေါင်းဆောင်(စိစစ်ဆဲ)လူသတ်အကြမ်းဖက် PDF အဖွဲ့က ကရင်ပြည်နယ်၊ကော့ကရိတ်မြို့၊ အမှတ်(၇)ရပ်ကွက်၊ခနိမ်းမူတိုးချဲ့ကွက်သစ်ရှိ ခရိုင်မီးသတ်ရုံးသို့ ၆၀ မမဖြင့် ၁ လုံး ပစ်ခတ်ခဲ့ရာ ခရိုင်မီးသတ်ရုံးအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပါသည်။

    ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် ၎င်းနေရာအနီးတွင် နေထိုင်သည့်  အရပ်သားလင်မယား ၂ ဦးဖြစ်သည့် ဦးဖိုးကျား၊ ၇၃ နှစ်၊(ဘ)ဦးထင်ပေါ်၊ ဗမာ/ဗုဒ္ဓ၊ ခနိမ်းမူတိုးချဲ့ကွက်သစ်၊ အမှတ်(၇) ရပ်ကွက်၊ ကော့ကရိတ်မြို့နေသူတွင် ဦးခေါင်းယာဘက်ခြမ်းပွင့်ထွက်၊ ဝဲ/ယာပေါင် ကြမွ(သေဆုံး)၊ ဒေါ်ခင်မြတ်ထွေး၊ ၅၀ နှစ်၊(ဘ)ဦးမြင့်ဦး၊ဗမာ/ဗုဒ္ဓ၊ခနိမ်းမူတိုးချဲ့ကွက်သစ်၊အမှတ်(၇)ရပ်ကွက်၊ ကော့ကရိတ်မြို့နေသူတွင် ယာလက်မောင်းပေါက်ပြဲဒဏ်ရာ၊ ဝဲပါး၊ ဝဲပေါင်၊ ဝဲဒူးခေါင်းနှင့် ဝဲခြေခုံ ပေါက်ပြဲဒဏ်ရာ၊ ဝဲလည်ပင်းဖောက်ဝင်ဒဏ်ရာ(သေဆုံး) တို့ ထိခိုက်သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

     လူသတ်အကြမ်းဖက် PDF ၏ လက်နက်ကြီး/ငယ်များဖြင့် လက်လွတ်စပယ်ပစ်ခတ်မှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်သေဆုံးနေရကြောင်း၊ စစ်ပွဲဖန်တီးနေသော NUG နှင့် KNU အဖွဲ့များအပေါ် ရွံရှာမုန်းတီးနေကြကြောင့် ဒေသခံပြည်သူများထံမှ ကြားသိရပါသည်။

#PAN