ရွှေဘိုမြို့၊ရန်ကြီးအောင်ကွက်သစ် အုပ်ချုပ်ရေးမှုး၏ ဖခင်ဖြစ်သူကို PDF အမည်ခံလူသတ်ကြမ်းဖက်သောင်းကျန်းသူများက လူမှားသတ်ဖြတ်

ရွှေဘိုမြို့၊ရန်ကြီးအောင်ကွက်သစ် အုပ်ချုပ်ရေးမှုး၏ ဖခင်ဖြစ်သူကို PDF အမည်ခံလူသတ်ကြမ်းဖက်သောင်းကျန်းသူများက လူမှားသတ်ဖြတ်
******************************
မေ ၂၇

      ယနေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မီးနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုမြို့၊ရန်ကြီးအောင်ကွက်သစ် အုပ်ချုပ်ရေးမှုးဦးဝင်းနိင်ဦး ၏အဖေ ဦးပြေ့ငြိမ်၊ ၆၇ နှစ်ကို ၎င်း၏ နေအိမ်၌
PDF အမည်ခံလူသတ်ကြမ်းဖက်သောင်းကျန်း သူ ၃ ဦးက သေနတ်ဖြင့် ၆ ချက်ပစ်ခတ်သတ် ဖြတ်ခဲ့ပါသည်။

     အုပ်ချုပ်ရေးမှုးဦးဝင်းနိင်ဦး သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူး တစ်ဦးဖြစ်ပြီး PDF လူသတ်ကြမ်းဖက်သမားများက ၎င်းနှင့် လူမှားပြီး ဖခင်ဖြစ်သူကို ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိပါသည်။

    ရွှေဘိုမြို့တွင် လုံခြုံရေးအတွက် မြို့အဝင် အထွက်များကို စစ်ဆေးကြပ်မတ်မှူ့များမရှိခြင်း၊အငြိမ်းစားဗိုလ်မှူးကြီးအပါဝင်မြို့ပေါ်တွင် ပြည်သူများသတ်ဖြတ်ခံနေရသော်လည်း ယနေ့အချိန်ထိတစ်ဦးတယောက်မှ ဖမ်းနိုင်မှု မရှိခြင်း၊ ယခုအခါတွင်မြို့ပေါ်၌နေရာအနှံအကြမ်းဖက်များက ဗုံးများပစ်ပေါက်နေသော်လည်း တစ်ဦးတစ်ယောက်မျှ မမိခြင်း၊ကျေးရွာအများစုတွင်လည်းလုံခြုံမှူ့မ​ရှိဘဲအကြမ်းဖက်များမှ လွှမ်းမိုးထားခြင်းတို့ကြောင့် အများပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန်စွာ နေထိုင်ကြရကြောင်း သိရှိရပါသည်။

#PAN