စမ်းချောင်းမြို့နယ်၊ရှင်စောပုလမ်းရှိ Hotel Green ရှေ့တွင် မော်တော်ယာဥ် တစ်စီး မီးလောင်မှု ဖြစ်ပွား

မေ ၂၇       ယမန်နေ့ ည ၁၁ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊စမ်းချောင်းမြို့နယ်၊ရှင်စောပုရပ်ကွက် ၊ရှင်စောပုလမ်းရှိ Hotel Green ရှေ့တွင် Toyota belta အဖြူရောင်ယာဉ်(Taxi) တစ်စီး မီး လောင်လျက်ရှိကြောင်းသတင်းရသဖြင့် စမ်းချောင်းမြိုနယ်မီးသက်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အရန့်မီးသက်တပ်ဖွဲ့ဝင်များက သွား ရောက်ငြိမ်းသက်ခဲ့ရာ ည ၁၁ နာရီ ၁၀ မီးနစ်အချိန်တွင် မီးငြိမ်းခဲ့ပါသည်။     အဆိုပါ ယာဥ်မီးလောင်မှု့ကြောင့် ယာဉ်မောင်းဖြစ်သူ ကျော်သူအောင်၊ ၄၈ နှစ်၊အမှတ်(၂၆ )၊လမ်းမတာ်(၇)လမ်းနေသူမှာ ဘယ်ဘက်နံရိုးအောင့် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့​ကြောင်းနှင့် ဥပဒေအရ စမ်းချောင်းမြို့နယ်ရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။ #PAN