“US တွင် အသုံးပြုသူ ၁၀၀,၀၀၀ နှင့် UK တွင် အသုံးပြုသူ ၅၆,၀၀၀ထိခိုက်နစ်နာ မှုများဖြစ်ပေါ်ခဲ့သည့် Instagram”

မေလ ၂၂

ယနေ့မေလ ၂၂ရက်နေ့တွင် ကမ္ဘာတစ်ဝှမ်းရှိ သုံးစွဲသူများက Instagram social media applicationတွင်ဖြစ်ပေါ်ခဲ့သော ပြဿနာများကို မကျေမနပ်မှုများဖြစ်ပေါ်ခဲ့ကြပြီးနောက် အဆိုပါ အက်ပလီကေးရှင်းသည် ယခုအခါ စတင်လည်ပတ်နေပြီးဖြစ်ပါတယ်။

Instagramကို အသုံးပြုသူများသည် ယနေ့ နံနက်တွင် အဆိုပါ Instragram၏app သို့မဟုတ် website မှ တစ်ဆင့်၎င်းတို့၏ ဆိုရှယ်မီဒီယာပလက်ဖောင်းကို ဝင်ရောက် ကြည့်ရှုခွင့်မရခဲ့ကြပါဘူး။ US အမေရိကန်နိုင်ငံတွင် အသုံးပြုသူ 100,000 နှင့် UK နိုင်ငံတွင် 56,000 ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ခဲ့ရပါတယ်လို့ သတင်းဌာနများမှဖော်ပြ ပြောဆိုနေကြပါတယ်။