TNLA အကြမ်းဖက်သောင်းကျန်းသူများသည် စစ်ရေးပစ်မှတ်မဟုတ်သော လူနေရပ်ကွက်နှင့်​ နည်းပညာအထက်တန်းကျောင်းတို့ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့်ပစ်ခတ်


မေ ၂၂

      ယနေ့ နံနက် ၁ နာရီကျော်ချိန်တွင် TNLA အကြမ်းဖက်သောင်းကျန်းသူများသည် စစ်ရေးပစ်မှတ်မဟုတ်သည့် လားရှိုးမြို့၊ဆုံကွယ် လူနေရပ်ကွက်နှင့်​ နည်းပညာအထက်တန်းကျောင်း (လားရှိုး)တို့ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့်ပစ်ခတ်ခဲ့သည်။

    ထိုသို့ ပစ်ခတ်မှုကြောင့် ဒေသခံတိုင်းရင်းသားတစ်ဦး ခြေထောက်တွင် အနည်းငယ်ဒဏ်ရာရရှိပြီး၊ လူနေအိမ် ၂ လုံး ခေါင်မိုးပျက်စီးခဲ့သည်။

       ထိုသို့ ပစ်ခတ်မှုမပြုလုပ်မီ ယခင်ရက်ပိုင်းအတွင်းက နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီးထံ ကျည် ၁ တောင့်၊ငရုတ်သီး ၃ တောင့်ပို့
ပြီး သတိပေးလုပ်ဆောင်မှုရှိခဲ့ကြောင်း၊ ထို့ပြင်ယမန်နေ့ နံနက်ပိုင်းက လူသတ်အကြမ်းဖက် PDF ထောက်ပို့ ကျား ၂ ဦး၊မ ၂ ဦး၊ စုစုပေါင်း ၅ ဦး ကွတ်ခိုင်နဲ့ သိန္နီကြားမှာ အသေဖမ်းမိရရှိခဲ့ကြောင်း၊ ထိုသို့ အသေဖမ်းမိရရှိခဲ့ပြီး နာရီပိုင်းအကြာတွင် အကြမ်းဖက် PDF များက လက်တုံ့ပြန်မည်ဟု ပြောကြားထားခဲ့ကြောင်း၊ ၎င်းအကြောင်းအရင်းများကြောင့် ယခုလို့ ရှော့တိုက်ဒုံး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သတင်းရရှိပါသည်။

PAN