“Rubles အခြေခံ ငွေကြေးစနစ်တစ်ခုကို ဖန်တီးရန် ကြိုးစားနေပြီဖြစ်သည့် မော်စကို-ပြုံယမ်း”

မေလ ၂၅

ရုရှားနိုင်ငံ(Moscow) နှင့် မြောက်ကိုရီးယားနိုင်ငံ (Pyongyang) တို့သည်နှစ်နိုင်ငံကြား ကုန်သွယ် ရေးများတွင် Rublesငွေကြေးဖြင့် အခြေခံထား သည့် ငွေကြေးစနစ်တစ်ခု ဖန်တီးနိုင်ရန် လုပ်ဆောင် နေကြပြီး အဆိုပါစနစ်သစ်သည် နှစ်နိုင်ငံ ကုန်သွယ်မှု များကို ပိုမိုတိုးမြင့် လာစေမှာဖြစ်တယ်လို့ ရုရှားနိုင်ငံ သံအမတ်ကြီး က ယနေ့မေလ ၂၅ရက် နေ့တွင် ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံ နှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် နှစ်နိုင်ငံ အတွင်းရှိ မြို့အများအပြားကို လေကြောင်း ခရီးစဉ်များ ပျံသန်းနိုင်ရန် စီစဥ်နေကြပြီဖြစ် တယ်လို့ လည်း ၎င်းက ပြောကြားခဲ့ ပါသေးတယ်။

ရုရှားနိုင်ငံ သံအမတ် ကြီး Alexander Matsegora​ က“ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့ နဲ့ ရုရှားနိုင်ငံ Vladivostok မြို့တို့ကြား လေယာဥ်ပျံသန်းမှုဆိုင်ရာ သဘောတူ ညီချက်တစ်ခု ရှိထားပြီးသားပါ နှစ်နိုင်ငံ နယ်စပ် တွေကို ဖွင့်ပြီးရင် ပျံသန်းမှုတွေပြန်စသွား မှာပါ။ ခရီးသည်အသွားအလာ အလုံ အလောက် ရှိလာရင် တခြားသော ရုရှား မြို့တွေကိုလည်း ပျံသန်းခွင့် ပေးသွား မှာပါ ”လို့ ၎င်းကထပ်လောင်း ပြောကြား
ခဲ့တာ ဖြစ်ပါတယ်။