ပုဗ္ဗသီရိမြို့နယ်တွင် မော်တော်ယာဥ်တစ်စီး မိုရွာစဥ် အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျ


မေ ၂၆

  ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်တွင်  နေပြည် တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်မီးပွိုင့်နှင့် ဘူတာကြီးကြား သံလွင်လမ်းတွင် ယာဉ်မောင်း ထူးအောင်ဖြိုး (၃၄)နှစ်(ဘ)ဦးနေအောင်၊ အမှတ် ၂၁၀၄၂၊ မလိခ (၄)လမ်း၊ ဇဝနဒီပရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်နေသူ မောင်းနှင်လာသော Mark 2 အဖြူရောင် (5K- 5344)သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေမြောင်းအတွင်း ထိုးကျခဲ့ကြောင်း သိရပါသည်။

    အဆိုပါမော်တော်ယာဥ်သည် ဘူတာကြီးဘက်မှ ရွာတော်မီးပွိုင့်ဘက်သို့ သံလွင်လမ်းအတိုင်း မောင်းနှင်လာစဥ် မိုးရွာသွန်နေသည့်အပြင်လေက အနည်းငယ်အားပြင်းစွာ တိုက်နေချိန်ဖြစ်ခြင်း ကြောင့် ထိုကဲ့သို့ အရှိန်လွန်ထိုးကျခဲ့ခြင်းဖြစ်ကြောင်းနှင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှုမရှိကြောင်း သတင်းရရှိပါသည်။

https://t.me/positiveanglenews

PAN