“အောင်မြင်မှုရရှိခဲ့သော အိန္ဒိယရေတပ်၏ အသံထက်မြန်သည့် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှု”

မေလ ၂၃

အိန္ဒိယနိုင်ငံရေတပ်၏ နောက်ဆုံးပေါ် ပြည်တွင်းထုတ် ပဲ့ထိန်းဒုံးကျည်များတင်ဆောင်ထားသောဖျက်သင်္ဘော INS Mormugao သည် အိန္ဒိယပင်လယ်ထဲတွင် အသံထက်မြန်သောပဲ့ထိန်းဒုံးကျည်အသစ် တစ်စင်းကို ယနေ့ မေလ ၂၃ရက်နေ့တွင် အောင်မြင်စွာပစ်လွှတ် စမ်းသပ်နိုင်ခဲ့ပါတယ်။

အဆိုပါကြိုးပမ်းချက်၏ အောင်မြင်မှုသည် အိန္ဒိယရေတပ်၏ အနာဂတ်နိုင်ငံ့ကာကွယ် တိုက်ခိုက် ရေးဆိုင်ရာများကို အဆင်သင့်ဖြစ်စေခဲ့ပြီး အိန္ဒိယနိုင်ငံ၏(Atma Nirbhar Bharat) မိမိနိုင်ငံသည်သာမိမိ အားထားရာ ဆောင်ပုဒ်နှင့်အညီ အဆိုပါ အသံထက်မြန်သော သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည် (Made in India) သည် အိန္ဒိယရေတပ်အတွက် အောင်မြင်မှု ကြီးတစ်ခု အဖြစ် ကမ္ဘာကို ပြသခဲ့တာလည်းဖြစ်ပါတယ်။