မေ ၂၅
ယနေ့ နံနက် ၁၁ နာရီ ၁၅ မီးနစ်အချိန် ရန်ကုန် တိုင်းဒေသကြီး၊အလုံမြို့နယ်၊ဧရာဝတီရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်း၊ သခင်မြပန်းခြံအတွင်း ညောင်ပင်အောက်တွင် ပလတ်စတစ်အိတ်အနက်ရောင်ဖြင့် ထုတ်ထားသော မသင်္ကာဖွယ်အထုပ် ၁ ထုပ်၊ ရေတမာပင်အောက်တွင် ပလတ်စတစ်အိတ်အနက်ရောင်ဖြင့် ထုတ်ထားသော မသင်္ကာဖွယ်အထုပ် ၁ ထုပ်နှင့် ပန်းခြံအလယ်မြက်ခင်းအလယ်တွင် ပလတ်စတစ်အိတ်အနက်ရောင်ဖြင့် ထုတ်ထားသော မသင်္ကာဖွယ်အထုပ် ၁ ထုပ်တို့အား တွေ့ရှိရသဖြင့် နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့နှင့် မြို့နယ်မှ တာဝန်ရှိသူများထံ သတင်းပို့အကြောင်းခဲ့ကြောင်း သိရပါသည်။
ထိုသို့ သတင်းပို့အကြောင်းကြားထားစဥ်ရေတမာပင် အောက်မှ မသင်္ကာဖွယ်အထုပ် ၁ ထုပ်နှင့် ပန်းခြံအလယ်မြက်ခင်းအလယ်မှ မသင်္ကာဖွယ်အထုပ် ၁ ထုပ်တို့မှ ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် လူ/ပစ္စည်းထိခိုက်ဆုံးရှုံးမှု မရှိကြောင်း၊ ပေါက်ကွဲခြင်းမရှိသေးသော
ညောင်ပင်အောက်မှ ပလတ်စတစ်အိတ်အထုပ်ကို တပ်နယ်မှ မိုင်းရှင်းလင်းရေးအဖွဲ့က နံနက် ၁၁ နာရီ ၄၀ မီးနစ်အချိန်တွင် ရှင်းလင်းရေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
![](https://positiveanglenews.files.wordpress.com/2023/05/img-5f994e1209adf43cc47dcd8657cec918-v.jpg?w=854)
![](https://positiveanglenews.files.wordpress.com/2023/05/img-07d07e75d84d384834506ab45e5552da-v.jpg?w=640)
![](https://positiveanglenews.files.wordpress.com/2023/05/img-803c622cc80c519a3c891b7805b79a4f-v.jpg?w=640)
![](https://positiveanglenews.files.wordpress.com/2023/05/img-f5630e9373e854642fb46c926713c548-v.jpg?w=854)
![](https://positiveanglenews.files.wordpress.com/2023/05/img-579b57b0ec8275f6b6ffcd921d9032f1-v.jpg?w=854)
![](https://positiveanglenews.files.wordpress.com/2023/05/img-d81113c948ebdd5a4b59de487f4ea6b9-v.jpg?w=854)