“အမေရိကန်နိုင်ငံအတွင်းရှိ ခရိုင်များ၏ ၁၀ရာခိုင်နှုန်း သည် ဆင်းရဲမွဲတေမှုများနဲ့ ရင်ဆိုင်နေရ”

မေလ ၂၅

The Hill သတင်းဌာနမှယနေ့မေလ ၂၅ရက်နေ့တွင် ထုတ်ပြန်ခဲ့သောထုတ်ပြန်ချက်တွင် အမေရိကန်နိုင်ငံရှိ မြို့နယ် ခရိုင် ၃,၁၄၂ ခုရှိသည့် အနက် ၃၄၁ ခုသည်
“ ဆင်းရဲမွဲတေမှုဒဏ် ကိုရင်ဆိုင်နေရတယ်” လို့ အမေရိကန်နိုင်ငံ၏ သန်းခေါင်စာရင်းဗျူရို၏ အချက်အလက်များကို ကိုးကား၍ The Hil lသတင်းဌာနမှ ဖော်ပြခဲ့တာဖြစ်ပါတယ်။

အဆိုပါ မြို့နယ် ခရိုင်များ၏ ၈၀ရာခိုင်နှုန်း ကျော် သည် အမေရိကန်နိုင်ငံ၏တောင်ပိုင်းဒေသများတွင် အများဆုံးဖြစ်ပေါ်နေတာဖြစ်ပြီး အမေရိကန်Indian လူမျိုးများအများဆုံးနေထိုင်သော Alaska ပြည်နယ်တွင်လည်း ဆင်းရဲမွဲတေမှုနှုန်း အများဆုံး ဖြစ်လာ နေပါတယ်လို့လည်း ဖော်ပြပြော ဆိုထား ပါတယ်။