အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ


မေ ၂၄
     
    ယမန်နေ့ ညနေ ၆ နာရီ ၅၀ မီးနစ်အချိန်ခန့်တွင်
ဧရာဝတီတိုင်းဒေသကြီး၊အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊အမှတ်(၃)ရပ်ကွက်၊အုန်းကုန်းရပ်နေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်း၊ ၅၈ နှစ်၊ (ဘ)ဦးလှမောင် သည် အမှတ်(၁)ရပ်ကွက်အနီး
အနီးရှိ ဆည်ရေပေးဝေသည့် လက်တံမြောင်းတွင်
မှောက်လျှက် အနေအထားဖြင့် သေဆုံးနေကြောင်း သတင်းအရ နယ်မြေခံ မဲဇလီကုန်းရဲစခန်းမှ စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပါသည်။

     ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းသည် ရေ မြောင်းဘောင်အတွင်း ဝဲနံစောင်းအောက် ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ဝဲချိုင်းအောက်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာချိုင်းအောက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးထွက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းနှင့် အခင်းဖြစ်ရပ်နှင့် ပေ ၁၀၀ ခန့်အကွာ ဆည်မြောင်းတာပေါ်၌ THAI ARMY AUTO 380 အမျိုးအစားကျည် အကောင်း ၁ တောင့်၊ ကျည်ခွံ ၃ ခုတို့အား တွေ့ရှိခဲ့ရသဖြင့် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရှိရပါသည်။

       ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်း မှာ အခြားမည်သည့်ပုဂ္ဂိုလ်နှင်မျှ ပြဿနာတစ်စုံတရာမရှိကြောင်း၊၎င်းကို လူသတ်အကြမ်းဖက် PDF များက သတ်ဖြတ်ခြင်းဖြစ်နိုင်ကြောင်း အဆိုပါရပ်ကွက်နေပြည်သူအချို့ထံမှ ကြားသိရပါသည်။

      ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ ဦးကျော်ဝင်း၏ ဇနီးဖြစ်သူ ဒေါ်ခင်အေးမော်မှ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် မဲဇလီကုန်းရဲစခန်းတွင် (ပ)၂၃/၂၃၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

PAN