အကြမ်းဖက်သောင်းကျန်းသူ KTLA နှင့် PDF ပူးပေါင်းအဖွဲ့များသည် အပြစ်မဲ့ပြည်သူတစ်ဦး၏ စျေးဆိုင်ကို အပြစ်ရှာပြီး မီးရှို့


မေ ၂၃

      ယမန်နေ့ ညနေပိုင်းတွင် အကြမ်းဖက်သောင်းကျန်းသူ KTLA နှင့် PDF ပူးပေါင်းအဖွဲ့
များသည် ကော့ကရိတ်မြို့ကို အဖျက်အမှောက် နှောက်ယှက်တိုက်ခိုက်ရန် တစ်မိုင်ကုန်းရွာထိပ်သို့ရောက်ရှိနေသည်ကို နယ်မြေခံတပ်မှသိရှိသည့်အတွက် ညနေ ၆း၂၀ မှ ည ၈ နာရီထိ ၎င်းတို့ရှိရာနေရာအား လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ပါသည်။

     ထို့သို့ ပစ်ခတ်မှုကြောင့်  အကြမ်းဖက်သောင်း ကျန်းသူများသည် ၎င်းတို့ရောက်ရှိ အခြေပြုနေသော တစ်မိုင်ကုန်းရွာထိပ်ရှိ ဆိုင်ပိုင်ရှင်​ နောဆေးဖောဆိုင်ကို အပြစ်ရှာပြီး  ည ၁၀ နာရီကျော်တွင် ၎င်းဆိုင်အားမီးရိူ့ခဲ့ကြောင်း သတင်းရရှိပါသည်။

    အကြမ်းဖက်သောင်းကျန်းသူ KTLA နှင့် PDF ပူးပေါင်းအဖွဲ့များ၏ ကရင်ပြည်နယ်အတွင်း တကြောပြန် စစ်မီး မွှေးလာမှုကြောင့် ပြည်နယ်အတွင်းရှိ ပြည်သူများ အသက်အိုးအိမ်များစွန်ခွာထွက်ပြေးရပြီး အတိဒုက္ခရောက်နေရကြောင်း၊ ပြည်နယ်အတွင်း ပြည်သူများ၏ ဆန္ဒအမှန်မှာ ငြိမ်းချမ်းရေးကိုသာ လိုလားနေကြကြောင်း သိရှိရပါသည်။

PAN