ဟုမ္မလင်းမြိုနယ်၊ ချင်းတွင်းမြစ်အောက်ပိုင်းရှိ ကေိးရွာအုပ်စုများတွင် လူသတ်အကြမ်းဖက် PDF များ ပိုမိုအင်အားကောင်းလာပြီး ပြည်သူ လူထုမှာ အခက်အခဲများဖြင့် ရင်ဆိုင်နေကြရ


မေ ၂၃

     စစ်ကိုင်းတိုင်းဒေသကြီး၊ဟုမ္မလင်းမြိုနယ်၊ ချင်းတွင်းမြစ်အောက်ပိုင်းရှိ ထိန်ကူးကျေးရွာ အုပ်စု‌ နေထိုင်သူ ဦးမောင်ဆန်း နှင့် ဦးမောင်ချို အပါ အဝင်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင် တို့ကို လူသတ်အကြမ်းဖက်PDF များက မေလ၂၂ရက်နေ့ ညပိုင်းက လာရောက်ဖမ်းဆီးသွားကြောင်း၊ထို့အပြင် ထိန်ကူးကျေးရွာ ပြည်သူ့စစ်အဖွဲ့ကိုင်ဆောင်သော တူမီးသေနတ် ၂၃ လက်ကိုလည်း အကြမ်းဖက်PDFအဖွဲ့က ယူဆောင်သွားကြောင်းသိရပါသည်။

          ဟုမ္မလင်းမြို့နယ် လူသတ်အကြမ်းဖက် PDF များသည် ဟုမ္မလင်းမြို့၏ မြစ်အောက်ပိုင်းတွင် ပိုမိုအင်အားကောင်းလာပြီး ဟုမ္မလင်းမြို့၏ အရှေ့ဘက်တွင်ရှိသော နတ်နန်းအုပ်စုနှင့် အောက်မှန်ကင်းအုပ်စု ဆက်သွယ်ထားသော ယခင်သစ်ကုမ္ပဏီများ အသုံးပြုကားလမ်းများတွင် ဝင်ထွက်သွားလာနေပြီး မြစ်ပြင်ဘက်ရှိကျေးရွာများကို ဝင်ရောက်နှောက်ယှက်လျက်ရှိသလို ဟုမ္မလင်းမြို့၏ တောင်ဘက် နောင်ဆွတ်ခါးအုပ်စု၊ ဝဲဒေါင့်ရွာ သဖန်းဆိပ်ရွာများရှိ စာသင်ကျောင်းများတွင် အင်အား ၂၀၀ ကျော် စခန်းဆောက်အခြေပြုပြီး ဆက်စပ်ရာ ကျေးရွာများကို ဝင်ရောက်အကြမ်း ဖက် ပစ်ခတ်လျက်ရှိကြောင်း၊ ဟုမ္မလင်းမြို့၏ အနောက်တောင်ဘက် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ သောင်သွပ်အုပ်စု ထိန်ကူးအုပ်စု၊ ဝဲဟက်အုပ်စုများ အတွင်းရှိ ကျေးရွာများတွင်ရှိသော ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူးများကို ဖမ်းဆီးနှိပ်စက်မှုများရှိကြောင်း သိရှိရပါသည်။

         ဖော်ပြပါ ကျေးရွာအုပ်စုများကို အကြမ်း ဖက် PDFများက ပိတ်ဆို့ထားမှုကြောင့် ဒေသခံမိဘပြည်သူများ မှီခိုအားထားရသော စက်လှေလိုင်းများမထွက်ရဲဘဲ စက်လှေလိုင်းပြေးဆွဲမှု ပိတ်ထားရပြီး သွားလာရေးအခက်အခဲများဖြစ်ပေါ်နေကြောင်း၊ ကုန်စည်စီးဆင်းမှုမရှိသဖြင့် စားဝတ်နေရေးများ အခက်အခဲများဖြင့် ရင်ဆိုင်နေကြရကြောင်း၊ ထိုကျေးရွာအုပ်စုများရှိ စာသင် ကျောင်းများလည်း ဖွင့်လှစ်နိုင်မှုမရှိကြောင်း ဒေသခံများ၏ သတင်းများအရ သိရပါသည်။

PAN