သံဖြူဇရပ်မြို့နယ်၊ရသေတောင်ကျေးရွာတွင် လေဆင်နှာမောင်း တိုက်ခတ်ခဲ့ရာ လူနေအိမ် ၂၁ လုံး ပျက်စီး


မေ ၂၄
     
    ယနေ့ နံနက် ၃ နာရီခွဲအချိန်ခန့်တွင် မွန်ပြည် နယ်၊သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာအုပ်စု၊ ရသေတောင်ကျေးရွာတွင် လေဆင်နှာမောင်း တိုက်ခတ်ခဲ့ရာ လူနေအိမ် ၂၁ လုံး ပျက်စီးခဲ့ပါသည်။

      အဆိုပါလေဆင်နှာမောင်း တိုက်ခတ်မှု့ကြောင့်
ဦးကျော်ဝင်းဦး၊ ၂၂ နှစ်၊(ဘ)ဦးရုပ်ဆိုး၊ရေလုပ်သားလုပ်ကိုင်သူ ၏ နေအိမ်ပါ(ထနီမိုး/ထရံကာ/ပျဥ်ခင်း) ၃ လုံးမှာ လဲပြိုကျခဲ့ပြီး ဒေါ်မေရီ၊ ၆၀ နှစ်၊(ဘ)ဦးသိန်း ၏ နေအိမ်ပါ ၁၈ လုံးမှာ အမိုးသွပ်များ လန့်ထွက်ပျက်စီးခဲ့ကြောင်း၊ ရသေတောင်ကျောင်းသစ် ဘုန်းတော်ကြီးကျောင်း၏ အမိုးသွပ်(၃ x ၁၀)ချပ် ၅ ချပ် လွင့်စင် ပျက်စီးခဲ့ကြောင်း ၊ စုစုပေါင်း ဆုံးရှုံးမှု့တန်ဘိုး (စိစစ်ဆဲ) ဖြစ်ကြောင်း သတင်းရရှိပါသည်။

PAN