လူမျိုးရေးခွဲခြားမှုနဲ့ ကြုံခဲ့ရတာကြောင့် ကွင်းထဲမှာတင် ငိုမိခဲ့တဲ့ Vinicius

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဗလင်စီယာအသင်းနဲ့ ရီးရဲလ်မက်ဒစ်အသင်း ပွဲစဉ်မှာ ဗလင်စီယာအသင်းက တစ်ဂိုးနဲ့(1-0) အနိုင်ရရှိခဲ့ပါတယ်။
အဲ့ဒီပွဲစဉ်မှာ Vinicius ကိစ္စကတော့ တော်တော်ကြီးကို ဆိုးရွားနေပါတယ် လာလီဂါပွဲစဉ် အဝေးကွင်းပွဲစဉ်တွေမှာ Vinicius ဟာ အမြဲလိုလို လူမျိူးရေးခွဲခြား တိုက်ခိုက်ခံနေရတာတွေကို ဘယ်သူမှ မတားဆီးနိုင်သေးပါဘူး။ လာလီဂါ ဥက္ကဌ ကလဲ လူမျိုးရေးခွဲခြားမှုတွေကို အရေးယူရမဲ့အစား Vinicius ကိုပဲ သူတို့ရှင်းပြဖို့ လာတွေ့ခိုင်းတဲ့ ရက်တွေမှာ လာမတွေ့ဘဲ social media ကနေပဲ အော်မနေနဲ့ဆိုပြီး ပြန်အပြစ်ဖို့ထားပါတယ်။
Vinicius သေပါစေလို့ ဗလင်စီယာအသင်းပရိတ်သတ်တွေရဲ့ လူမျိုးရေးခွဲခြားမှုတွေကြောင့် Vinicius ဟာ စိတ်မထိန်းနိုင်တော့ဘဲ ကွင်းထဲမှာ ငိုခဲ့ပါတယ်။