ရွှေဘိုမြို့ လုံခြုံရေးအဖွဲ့များ ကြပ်မတ်မှု အားနည်းခြင်းကြောင့် အပြစ်မဲ့ပြည်သူ အများအပြားသတ်ဖြတ်ခံရပြီး လူသတ်အကြမ်းဖက် PDF များ အတင့်ရဲလာ


မေ ၂၃

      စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုမြို့၊အမှတ် ၈ ရပ်ကွက်​နေသူ ဦးဘိုမြင့်၊ ၅၀ နှစ်သည် နေအမ်၌ရှိနေစဥ် လူသတ်အကြမ်းဖက်PDF များက ယနေ့ နံနက် ၉ နာရီတွင် စိစစ်ဆဲသေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ ဦးဘိုမြင့် မှာ နေရာတွင် သေဆုံးခဲ့ပါသည်။

      အဆိုပါ ဦးဘိုမြင့်အိမ်သည် လမ်းဘေးကပ်လျက်ဖြစ်ပြီး စည်ကားသောနေရာတစ်ခုဖြစ်ပါသည်။ ယခင်နှစ်ကလည်း ၎င်း၏အကိုတစ်ယောက်ကိုလည်း လူသတ်အကြမ်းဖက်PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပါသည်။ အဆိုပါ ဦးဘိုမြင့်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးစည်းရုံးရေးမှူး တစ်ဦးဖြစ်ကြောင်း သိရှိရပါသည်။

       ယမန်နေ့ ညနေ ၄ နာရီခန့်ကလည်း ရွှေဘိုမြို့အထွက် ၂ မိုင်အကွာ အောင်ချမ်းသာရွာသစ်နှင့်
ဘုံးဘွက်ကျေးရွာအကြား ရွှေဘို – မန္တလေး
ကားလမ်းတွင် အမျိုးသမီး ၃ ဦးကို လူသတ်အကြမ်းဖက် PDF များက ဖမ်းဆီးသွားပြီနောက်
လူများကို ပြန်လွှတ်ပေးခဲ့သော်လည်း ဆိုင်ကယ်
နှစ်စီးကို ယူထားလိုက်ကြောင်းသိရပါသည်။

    ရွှေဘိုမြို့ပေါ်တွင် အပြစ်မဲပြည်သူ အများအပြား သေဆုံးနေကြရသော်လည်း ယနေ့အချိန်ထိ မည်သည့်အမှုမှ တရားခံကို ဖမ်းမိခြင်းမရှိသေးကြောင်း၊ မြို့ဝင်မြို့ထွက်စစ်ဆေးကြပ်မတ်မှု အလွန်အားနည်းကြောင်း၊ လုံခြုံရေးများအားနည်းခြင်း၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်းစခန်းအတွင်းထဲမှာဘဲ အောင်းနေကြခြင်းတို့ကြောင့် အကြမ်းဖက် PDF များက ပိုမိုအတင့်ရဲလာနေကြခြင်းဖြစ်ကြောင်းနှင့် လုံခြုံရေးကို ပိုမို
ကြပ်မတ်လုပ်ဆောင်ပေးပါရန် မြို့ခံပြည်သူများက သတင်းပေးပို့လာပါသည်။

PAN