ရွှေကူမြို့နယ်အတွင်းအကြမ်းဖက်သောင်းကျန်း သူ KIA-PDF များက ကျေးရွားများတွင် အမာခံနယ်မြေတည်ဆောက်ပြီး မြို့ပေါ်ရပ်ကွက်များအတွင်း စိမ့်ဝင်

မေ ၂၆

    PDF အမည်ခံအကြမ်းဖက်သမားများနှင့် KIA အကြမ်းဖက်သောင်းကျန်းသူများက ကချင် ပြည်နယ်၊ဗန်းမော်ခရိုင်၊ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွားများတွင် လက်နက်အားကိုးဖြင့် အမာခံနယ်မြေတည်ဆောက်ရုံမျှမကဘဲ ရွှေကူမြို့ပေါ်ရပ်ကွက်များအတွင်း အကြမ်းဖက်PDFသင်တန်း ဆင်းများဖြင့် စိမ့်ဝင်နေပြီး လူသတ်အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်နေကြကြောင်း ဒေသ ခံပြည်သူများထံမှ သိရပါသည်။

       ရွှေကူမြို့၊မော်လမြိုင်ရပ်တွင် CDM လုပ်ထားသောဝန်းထမ်းများက PDF သင်တန်းတက်‌ရောက်ခဲ့ပြီး ရပ်ကွက်အတွင်းပြန်လည်နေထိုင်သူ စုစုပေါင်း ၁၀ ဦး‌ကျော်ခန့်ရှိကြောင်း၊ အလားတူ အမှတ်(၂)ရပ်ကွက်အတွင်း PDF သင်တန်းဆင်းပြီး နေအိမ်များတွင် တိတ်တဆိတ်ပြန်နေထိုင်သူ CDM၀န်ထမ်းများ ရပ်ကွက်အတွင်းရှိ အမျိုးသား/အမျိုးသမီးများစွာရှိနေကြောင်း သိရှိရပါသည်။ ရွှေကူမြို့တွင်အမှတ် (၂)ရပ်ကွက်ရှိ လုပ်ငန်းရှင်များသည် NLD ပါတီ ဝင်များ၊အကြမ်းဖက်သောင်းကျန်းသူ KIA-PDF များကို ထောက်ပံ့မှုအများဆုံပေးအပ်သော ရပ်ကွက်ဖြစ်ပါသည်။

   ယနေ့ နံနက်ပိုင်းတွင် ရွှေကူမြို့၊အမှတ်(၂)ရပ် ကွက်၊မော်လမြိုင်ရပ်၊ကမ်းနားလမ်နေသူ ကိုကျော်ဦး ဆိုသူကို အကြမ်းဖက်သောင်းကျန်းသူ KIA-PDF အဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ရာ သေနတ်ဒဏ်ရာရပြီး လွတ် မြောက်သွားကြောင်းကြားသိရပါသည်။

   ရွှေကူမြို့ နယ်၊သင်္ဘောအင်းကျေးရွာသို့ ယနေ့
နေ့ လည်ပိုင်းအချိန်တွင် NLDပါတီမှ ၂၀၂၀ ခုနှစ် ထွေ‌ထွေ‌ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်လောင်း(အမှတ်(၂)မဲဆန္ဒ နယ်)ဝင်ရောက်ယှဉ်ပြိုင်ဘူးသူ ဇော်ဦး ဦးဆောင်ခဲ့သော KIA-PDF အင်အား ၁၀၀ ကျော်ခန့် ရောက်ရှိနေကြောင်း ဒေသခံပြည်သူများထံမှ သတင်းရရှိပါသည်။

https://t.me/positiveanglenews

#PAN