ရေကြည်မြို့နယ်အတွင်း ရဲစခန်းနယ်မြေအလိုက် ယာဉ်စစ်ပိတ်ဆို့ဆောင်ရွက်စဥ် ပစ်ခတ်ထွက်ပြေးသွားသော အကြမ်းဖက် PDF နှစ်စ်ဦးအနက် တစ်ဦးကို ဒဏ်ရာဖြင့် ဖမ်းဆီးရမိ


မေ ၂၄

     ယမန်နေ့တွင် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်း သေနတ်ဒဏ်ရာဖြင့်သေဆုံးမှုနှင့်ပက်သက်၍ တရားခံကူညီဖမ်းဆီးရမိ နိုင်ရေးအတွက် ရေကြည်မြို့နယ်အတွင်း ရဲစခန်းနယ်မြေအလိုက် ယာဉ်စစ်ပိတ်ဆို့ဆောင်ရွက်ခဲ့ရာ ယမန်နေ့ ည ၉ နာရီ ၄၅ မီးနစ်အချိန်ခန့်တွင် ကြာကန်အုပ်စု၊
ရေကြည်သံလမ်းကုန်းတွင် ရေကြည်မြို့ဘက်မှ ကျုံပျော်မြို့ဘက်သို့ အောင်ဆန်းမင်း(ခ) ကိုမင်း၊
(၃၄/၂၃)နှစ်၊(ဘ)ဦးမြဝင်း၊မပတ(မမှတ်မိ)၊ ဗမာ/ဗုဒ္ဓ၊ လယ်လုပ်၊ ငပိဆိပ်ကျေးရွာအုပ်စု၊ ဘွဲ့ငူ
ကျေးရွာ၊ရေကြည်မြို့နယ်နေသူနှင့် အမည်မသိ အမျိုးသား ၁ ဦး(စိစစ်ဆဲ) တို့မောင်းနှင် လာသော နံပါတ်ပြားတပ်ဆင်ထားခြင်းမရှိသည့် HONDA WAVE 100 ကျောက်စိမ်းရောင် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့စဉ် ဆိုင်ကယ်တူး ဘောက်အတွင်းမှ မသင်္ကာဖွယ် အိတ် ၁ အိတ်တွေ့ရှိခဲ့သဖြင့် စစ်ဆေးစဉ် ဆိုင်ကယ်မောင်းနှင် သူ အောင်ဆန်းမင်း(ခ)ကိုမင်းမှ ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ အသင့်ယူဆောင် လာသော သေနတ်ဖြင့် ၃ ချက်ခန့် ပစ်ခတ်ပြီး ၎င်းတို့စီးနင်းလာသည့်ဆိုင်ကယ်အားထား၍ ထွက်ပြေးသွားခဲံပါသည်။

       အောင်ဆန်းမင်း(ခ)ကိုမင်းနှင့် အမည်မသိ အမျိုးသား ၁ ဦးတို့ ထွက်ပြေးရာနောက်သို့ လုံခြုံရေးပူးပေါင်းအဖွဲ့များမှ သေနတ် ၁၃
ချက်ခန့် လိုက်လံပစ်ခတ်ခဲ့ရာ တရားခံ ၂ ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။ ၎င်းနောက် ပူးပေါင်းအဖွဲ့များမှ ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ည ၁၀ နာရီ ၂၅ မီးနစ်အချိန်တွင် အခင်းဖြစ်နေရာနှင့် ၄ ဖာလုံခန့်အကွာ၊ ဗထူးရပ်ကွက်၊(၁၁)လမ်းထိပ်ရှိ ဦးကျော်ဝင်း၏ နေအိမ်နောက်ဖေးလမ်းကြား အတွင်းသို့
ဝင်ရောက်ပုန်းခိုနေသော အောင်ဆန်းမင်း(ခ)ကိုမင်းကို ဝဲဘက်ပေါင်ကျည်ထိမှန်ဒဏ်ရာ ၁ ချက်၊ အခင်းဖြစ်စဉ် အသုံးပြုပစ်ခတ်ခဲ့သည့် တူရကီနိုင်ငံထုတ် Clot’sအမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၆ တောင့်၊ ကျည်အိမ် ၁ ခု၊AB 17/18 5.56 ကျည် ၃၉ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

     အောင်ဆန်းမင်း(ခ)ကိုမင်း ဆိုသူ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ရဲတသ အောင်စည်သူတွင် ယာဘက်ကျောကုန်းတွင် ရှပ်ထိဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ရဲတသ လင်းထက်ကိုတွင် ဝဲဘက်ခြေမရှပ်ထိ ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)များရရှိခဲ့ကြောင်း သိရှိရပါသည်။

       ထွက်ပြေးလွတ်မြောက်သွားသူမှာ ထွဋ်ထွဋ်နိုင်၊၂၆နှစ်ခန့်၊အရပ် ၅ပေ ၈လက္မခန့်၊ အသားဖြူ၊ဆံပင်နက်တို၊လိမ္မော်ရောင်အစင်းကြားဘောင်း ဘီတိုဝတ်ထား ၊မအူပင်မြို့နေသူဖြစ်ကြောင်းနှင့်ဖော်ပြပါပုံပါ တရားခံပြေး ထွဋ်ထွဋ်နိုင်ကို တွေ့ရှိပါက နီးစပ်ရာနယ်မြေစခန်းသို့ သတင်းပေးကြပါရန် နှိုးဆော်ထားကြောင်း သတင်းရရှိပါသည်။

PAN