“ရုရှား-ယူကရိန်းစစ်ပွဲမှာ ယူကရိန်းနိုင်မှာ မဟုတ်ဘူး” လို့ ပြောကြားလိုက်တဲ့ ဟန်ဂေရီ သမ္မတ

မေလ ၂၄

ဟန်ဂေရီနိုင်ငံ၏ သမ္မတ Viktor Orban သည် ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ အနောက်နိုင်ငံ များနှင့် NATO မဟာမိတ်များကြားတွင် သဘောမတူသည့် ဥရောပ နိုင်ငံရေးသမား အနည်းငယ်ထဲမှ တစ်ဦးလည်း ဖြစ်ပြီး ဟန်ဂေရီ ဝန်ကြီးချုပ် Viktor Orban က Kyiv(ယူကရိန်း) ၏ တပ်များသည် ရုရှား-ယူကရိန်း စစ်ပွဲတွင် အနိုင်ရရန် မဖြစ်နိုင်ကြောင်း ပြီးခဲ့သည့်မေလ ၂၃ရက်နေ့တွင် ပြောဆိုခဲ့တာ လည်း ဖြစ်ပါတယ်။

Qatar နိုင်ငံ၏မြို့တော် Doha မြို့တွင် ကျင်းပခဲ့သော Qatar Economic Forumပွဲသ်ို့ ရောက်ရှိ နေစဥ် Al Jazeera သတင်းဌာနကို Viktor Orbanက ပြောကြားခဲ့တာဖြစ်ပြီး “လက်တွေ့ ဖြစ်ပေါ်နေသော ပတ်ဝန်းကျင်ကိုကြည့်ရင် NATO တပ်တွေ ယူကရိန်းသို့ စေလွှတ်ဖို့ အဆင်သင့် မဖြစ်သေးတာက စစ်အင်အားနည်းလာတဲ့ ယူကရိန်း နိုင်ငံအတွက် အောင်ပွဲဖြစ်လာမယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး” လို့ ၎င်းကပြောကြားခဲ့တာ ဖြစ်ပါ တယ်။