“မီးပြင်းထန်စွာ လောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့သည့် သြစတြေးလျနိုင်ငံ NSW ပြည်နယ် အတွင်းရှိ CBD အဆောက်အအုံကြီး”

မေလ ၂၅

သြစတြေးလျနိုင်ငံ New South Wales ပြည်နယ်အတွင်းရှိ Sydneyမြို့၏ Surry Hills ဆင်ခြေဖုံးရပ်ကွက်အတွင်းရှိ Central Station (CBD) ဗဟိုစီးပွားရေးအဆောက်အအုံကြီးသည် ယနေ့မေလ ၂၅ရက်နေ့ တွင် မီးအကြီးအကျယ် လောင်ကျွမ်း မှုဖြစ်ပွားခဲ့ပြီး အဆောက်အဦး ကြီးပြိုကျ ပျက်စီးမှု များဖြစ် ပေါ်ခဲ့ကာ အဆိုပါ မီးလောင်မှု အနီးပတ်ဝန်းကျင်ရှိ လူနေအိမ် အများ အပြားပါ မီးလောင် ကျွမ်းမှုများ ဖြစ်ပွား ခဲ့ရပါတယ်။

အဆိုပါမီးကိုငြှိမ်းသတ်နိုင်ရန် မီးသတ်သမား ၇၅ ဦး ခန့်ထိ ပါဝင်ခဲ့ရပြီး မီးငြှိမ်းသတ်ခဲ့ရကြောင်း သတင်း ဌာနများမှဖော် ပြပြောဆိုနေကြပါတယ်။