မလေးရှားနိူင်ငံ၊ကွာလာလမ်ပူ၊ဘလက်ကောင်းမြို့နယ်ရှိ petronas ဓာတ်ဆီဆိုင်တစ်ခု၏ ဝန်းအတွင်းတွင် မြန်မာနိုင်ငံသားတစ်ဦး ၎င်းပါလာသောဓားဖြင့် ကိုယ့်ကိုကိုယ် အဆုံးစီရင်


မေ ၂၆

    မလေးရှားနိူင်ငံ၊ကွာလာလမ်ပူ၊ဘလက်ကောင်းမြို့နယ်တွင် ရူးမားပန်ဂျမ်းရပ်ကွက်ရှိ petronas ဓာတ်ဆီဆိုင်ဝန်းအတွင်းတွင် ယမန်နေ့ ဒေသစံတော်ချိန် နံနက် ၇ နာရီခွဲအချိန်တွင် စိတ်ရောဂါဖြစ်ပေါ်နေသော မြန်မာနိူင်ငံသားတစ်ဦး  မိမိကိုယ်ကို အသင့်ယူဆောင်လာသော ဓါးမြောင်ဖြင့် ရင်ဝထိုးပြီး ကိုယ်ကိုယ့်ကို အဆုံးစီရင်ခဲ့ကြောင်း သိရပါသည်။

   အဆိုပါ မြန်မာနိုင်ငံသားသည် ဓာတ်ဆီဆိုင်ရှေ့
ကားပါကင်ဘေး ပလက်ဖောင်းပေါ်တွင် ထိုင်နေပြီးနောက် မတပ်ထကာ ၎င်းယူဆောင်လာသောဓားဖြင့် ကိုယ်ကိုကိုယ် ထိုးပြီး အဆုံးစီရင်ခဲ့သည်ကို CCTV မှတ်တွင် တွေ့ရပါသည်။

       ၎င်း ဖြစ်စဥ်နှင့်ပတ်သက်ပြီး မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများကို ကိုယ်ကျိုးမကြည့် အကူအညီပေးနေသည့် ကက်ပုန်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကို မေးမြန်းကြည့်ရာ သေဆုံးသူမှာ စိတ်ရောဂါဖြစ်ပွားနေသူဖြစ်ဘကြောင်း၊ ၎င်းမှာ မောင်သန်းနိုင်ထွန်း၊၃၇ နှစ်၊ဘ ဦးဝင်းမြင့်၊ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့ နယ်၊ရေကြည်အိုင်ရပ်ကွက်၊သစ္စာ ၃ လမ်းနေသူဖြစ်ကြောင်းနှင့် ကက်ပုန်းလူမှုကူညီရေးအသင်းမှ လာမည့် တနင်္ဂနွေနေ့တွင် တာဝန်ယူ သင်္ဂြိုလ်ပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

https://t.me/positiveanglenews

PAN