ဖားကန့်မြို့၊မော်ဝမ်းရပ်ကွက်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ


မေ ၂၂

      ကချင်ပြည်နယ်၊ဖားကန့်မြို့၊မော်ဝမ်းရပ်ကွက်၊ယွန်းကဖေးဆိုင်ရှေ့ မော်ဝမ်းလမ်းမကြီးပေါ် တွင် ယနေ့မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က အမျိုးသားတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ကြောင်း ရပ်ကွက်နေမျက်မြင် ပြည်သူများက ပြောကြားခဲ့သည်။

    သေနတ်ဖြင့်ပစ်ခတ်ခံရသူမှာ ကိုဇော်တူး ဟုသိရပြီး မည်သည့်လက်နက်ကိုင်အဖွဲ့က လုပ်ဆောင်သည်ကို ယခုအချိန်ထိမသိရှိရသေးကြောင်း၊ ကိုဇော်တူးမှာ ဖားကန့်မြို့ ပြည်သူ့ဆေးရုံမှာ အရေးပေါ်တင်ထားရပြီး အသက်ရှင်လျှက် ရှိနေသေးကြောင်း၊လူမှုကူညီရေးအသင်းများထံက သိရပါသည်။

   ဖားကန့်မြို့အနီးတဝိုက်တွင် ယခုလို ဖြစ်စဉ်များမှာ မကြာခဏ ဖြစ်ပေါ်လေ့ရှိကြောင်း သိရှိရပါသည်။

PAN