ပေါင်မြို့နယ်၊ ဖလပ်ဝတ်ကြီးကျေးရွာ၊ရန်ကုန်-မော်လမြိုင် ကားလမ်းမဘေးတွင် လင်းမယားနှစ်ဦး သေနတ်ဒဏ်များဖြင့်သေဆုံးနေ


မေ ၂၂

      ယနေ့ နံနက် ၃ နာရီအချိန်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ရန်ကုန်-မော်လမြိုင် ကားလမ်းမ၊ ဖလပ်ဝတ်ကြီးကျေးရွာတွင် ဦးမြင့်လွင်၊ ၄၉နှစ်၊ (ဘ)ဦးမောင်လုံး၊ ကျဘမ်း၊ မွန်စုပိုင်း၊ ကျွဲခြံကျေးရွာ၊ ပေါင်မြို့နယ်နေသူနှင့် ဒေါ်ခင်သီတာထွန်း၊ ၄၇နှစ်၊ (ဘ) ဦးမြင်အေး၊ မှီခို၊ (လိပ်စာတူ) နေသူတို့သည် ဆိုင်ကယ်တိမ်းမှောက်၍ သေဆုံးသော အနေထားဖြင့် ဆေးရုံသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါသေဆုံးသူနှစ်ဦးကို နယ်မြေခံတပ်နယ်နှင့် ရဲစခန်း၊နမစ(ဇင်းကျိုက်)ပူးပေါင်းအဖွဲ့များက သွားရောက်စစ်ဆေးရာ သေဆုံးသူနှစ်ဦးမှာ သေနတ်ဒဏ်များဖြင့် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

      သေဆုံးသူ နှစ်ဦးဖြစ်သည့် ဦးမြင့်လွင် တွင် ယာမျက်လုံး အောက်ကျည် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာလက်မောင်းကျည်ဖောက်ဝင် ဒဏ် ရာ ၂ ချက်နှင့် ဒေါ်ခင်သီတာထွန်း တွင် လည်ပင်းကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ဝဲမျက်လုံးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးခဲ့ကြောင်း၊ တရားခံဖမ်းမိရေးအတွက် နယ်မြေခံ လုံခြုံရေးအဖွဲ့များက အမှုစုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။