ပုလောမြို့နယ်တွင် PDF အမည်ခံ လူသတ် အကြမ်းဖက်သမားများက စာသင်ကျောင်းတွင်တပ်စွဲထားသော တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ နှောက်ယှက်ပစ်ခတ်ပြီး အလယ်တန်းကျောင်း အုပ်ဆရာမတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၊


မေ ၂၅

    ယနေ့ မွန်းလွှဲ ၁နာရီအချိန်ခန့်တွင် တနင်္သာရီ တိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ မကျီးကုန်းကျေးရွာဂိတ်စခန်းသို့ PDF အမည်ခံလူသတ်အကြမ်းဖက် အင်အား ၁၅ ဦးခန့် လာရောက်ပစ်ခတ်ခဲ့သဖြင့် လုံခြုံတပ်ဖွဲ့များမှ ပြန်လည် ​ပစ်ခတ်ခဲ့ရာ အကြမ်းဖက် PDF များ ပြန်လည်ဆုတ်ခွာသွားရာ ကဒဲကျေးရွာအ​​ရောက်တွင်အလယ်တန်းကျောင်အုပ်ဆရာမကြီး ဒေါ်စုလတ်ဖြူ၏ အိမ်အတွင်းသို့ ဝင်ရောက်၍ ကျောင်အုပ်ဆရာမကြီးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့ပါသည်။

       အဆိုပါ ကျောင်အုပ်ဆရာမကြီးသည် ကဒဲကျေးရွာတွင်ကျောင်းမဖွင့်နိုင်သဖြင့် မြို့နယ်ပညာရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်​​လျက်ရှိပြီး ယမန်နေ့က မြိတ်မြို့မှ နည်းပြသင်တန်းဆင်းကာ အိမ်ပြန်ရောက်ချိန်တွင် အသတ်ခံခြင်းဖြစ်​​ကြောင်းသိရပါသည်။

       အလားတူ ယနေ့ မွန်းလွှဲ ၁နာရီခွဲအချိန်ခန့်တွင် ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာအလယ်တန်းကျောင်းတွင်တပ်စွဲထားသော တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့အား အကြမ်းဖက် PDF များက လာရောက်တိုက်ခိုက်သဖြင့် အပြန်အလှန်ပစ်ခတ်လျှက်ရှိကြောင်းသိရသည်။

     ထိုသို့ ပစ်ခတ်မှု့ကြောင့် ခရီးသည်တင်ကားများသည် နန်းပရုပ်ကျေးရွာတွင် ရပ်တန့်ထားပြီးတို အချိန်၂နာရီကျော်ကြာသည်အထိ ဆက်လက်ပစ်ခက်နေသေးကြောင်းသတင်းရရှိသည်။

PAN