“နေတိုးအဖွဲ့ နှင့်ပူးပေါင်းရန် အစီအစဉ်များ မရှိသည့် အပြင် နိုင်ငံအတွင်း NATO​ မဟာမိတ်အဖွဲ့၏ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ရန် ဆုံးဖြတ်ချက် မချရ သေးဘူးလို့ ပြောကြားလိုက်တဲ့ ဂျပန်”

မေလ ၂၄

ဂျပန်နိုင်ငံ၏ဝန်ကြီးချုပ် Fumio Kishida က ဂျပန်နိုင်ငံ၏ ပါလီမန် အထက်လွှတ်တော် မျက်နှာစုံ ညီ အစည်းအဝေးပွဲတွင် အမတ်များ၏ မေးခွန်းများကို ဖြေကြားခဲ့တာဖြစ်ပြီး “မိမိတို့ ဂျပန်နိုင်ငံက နေတိုးအဖွဲ့တွင် အမြဲတမ်း အဖွဲ့ဝင်အဖြစ် ဒါမှမဟုတ် တွဲဘက်အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ အစီအစဉ် မရှိသေးပါဘူး” လို့ ၎င်းက ယနေ့မေလ ၂၄ရက်နေ့တွင် ပြောကြားခဲ့တာဖြစ်ပါတယ်။

ဂျပန်နိုင်ငံတွင် အနောက်အုပ်စုမဟာမိတ်အဖွဲ့ NATO ၏မြောက်အတ္တလန်တိတ် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်နိုင်ခြေနှင့် ပတ်သတ်ပြီး ဂျပန်နိုင်ငံ၏ အစိုးရ အဆိုပါ အကြောင်းအရာကို ဆွေးနွေးခဲ့ကြကြောင်း မှတ်ချက်ပြုခဲ့သော်လည်း “ယခုအချိန်အထိ ဆုံးဖြတ် ချက်များ မချရသေးပါဘူး”လို့ ၎င်းက ထပ်လောင်း ပြောကြား ခဲ့တာဖြစ်ပါတယ်။