“နိုင်ငံ၏ ချေးငွေဆိုင်ရာအဆိုပြုချက်များသည် အမေရိကန် အထက်လွှတ်တော်မှာ ချောမွေ့စွာ ဖြတ်သန်းနိုင်မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်တဲ့ လွှတ်တော်အမတ်”

မေလ ၂၆

အမေရိကန်နိုင်ငံ၏ အထက်လွှတ်တော်အမတ်တစ်ဦး သည် နိုင်ငံ့အသုံးစရိတ်များကို ပြုပြင်ပြောင်းလဲမှုများ မပြုလုပ်ဘဲ နိုင်ငံ၏ကြွေးမြီဆိုင်ရာ သဘောတူညီ ချက်များကို တားဆီးနိုင်ရန် လုပ်လို့ရသမျှ အားလုံးကို အသုံးပြုလုပ်ဆောင်သွားမယ်လို့ ပြီးခဲ့သည့် မေလ ၂၅ရက်နေ့တွင် ကတိပြုပြောကြားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၏ ဥပဒေပြုမှုဆိုင်ရာများတွင် သိသာထင်ရှားသော အသုံးစရိတ်များ ပြုပြင် ပြောင်းလဲမှုများ ကင်းမဲ့နေပြီး နိုင်ငံ၏ကြွေးမြီများကို မြှင့်တင်ရန် အလားအလာရှိနေသော သဘောတူညီ ချက်များကို ဟန့်တားနိုင်ရန် ရရှိသော အခွင့်ရေး အာဏာအားလုံးကို အသုံးပြုသွား မှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံ၏ အထက်လွှတ် တော်အမတ် Mike Lee က အမေရိကန်ပြည်သူ များကို ကတိပြုပြောကြားခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ Utah Republican၏ ရီပတ်ဘလီကန်နိုင်ငံရေးသမားတစ်ဦးဖြစ်သူMike Lee က “နိုင်ငံ၏အကြွေး သဘောတူညီ ချက်များကို အဟန့်အတား ဖြစ်စေနိုငိရန် အတွက် လုပ်ထုံးလုပ် နည်းများတိုင်းကို ကျနော်လုပ်ဆောင်သွား မှာဖြစ် တယ်။ အိမ်ဖြူတော်နှင့် အိမ်ဖြူတော်၏ ပြောရေး ဆိုခွင့်ရှိသူ McCarthyတို့၏လက်ရှိ ညှိနှိုင်းပြော ကြားနေမှုများသည် နိုင်ငံကို အဆိုပါ လမ်းကြောင်း အတိုင်း သွားနေမည်ကို စိုးရိမ်မိကြောင်း” ၎င်းက ပြောကြားခဲ့တာဖြစ်ပါတယ်။

“Bidenအစိုးရအဖွဲ့ရဲ့ ချေးငွေအဆိုပြုချက်ဟာ အထက်လွှတ်တော်မှာ ချောမွေ့စွာ ဖြတ်သန်းနိုင်မှာ မဟုတ်ဘူး” လို့ ၎င်းက သတိပေးထပ်လောင်း ပြောကြားခဲ့ပါသေးတယ်