“နိုင်ငံတွင်းစစ်မက်ဖြစ်ပွားနေသော ဆူဒန်လက်နက်ကိုင် အဖွဲ့များကြားယနေ့ အသက်ဝင်လာတော့မည့် အပစ်အခတ်ရပ်စဲရေး”

မေလ ၂၂

ဆူဒန်နိုင်ငံအတွင်းစစ်မက်ဖြစ်ပွားနေသောလက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့အကြား အပစ်အခတ်ရပ်စဲ ရေး သဘောတူစာချုပ်ကို ဆော်ဒီအာရေးဗီးယားနိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့က စီစဉ်ပေးခဲ့တာဖြစ်ပြီး ပြီးခဲ့သည့်မေလ ၂၀ရက်နေ့ နှောင်းပိုင်းတွင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တာလည်း
ဖြစ်ပါတယ်။ ဆော်ဒီအာရေးဗီးယား နိုင်ငံအတွင်းရှိ Jeddahမြို့တွင် ကျင်းပခဲ့သော အာရပ်နိုင်ငံများ ဆိုင်ရာ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် ဆူဒန်နိုင်ငံအတွက် လူသားချင်း စာနာထောက်ထား မှုဆိုင်ရာများ နှင့် ညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာများကို ပူးတွဲပြီး အဆိုပါသဘောတူ ကြေညာချက်ကို ထုတ်ပြန်ခဲ့တာ လည်း ဖြစ်ပါတယ်။

ဆူဒန်နိုင်ငံတွင် ယခင်ကလည်းအပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်အများအပြားကို ထုတ်ပြန် ကြေညာခဲ့ကြပြီး ဖြစ်သော်လည်း လွန်ခဲ့သည့် ၅ပတ်က ဆူဒန်နိုင်ငံရှိ လက်နက်ကိုင်အဖွဲ့ ၂ဖွဲ့ မှာ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ကြပါတယ်။

ဆူဒန်နိုင်င်ငံတွင်အပစ်အခတ်ရပ်စဲကြောင်းကြေငြာမှုများ ထုတ်ပြန်ခဲ့ကြသော်လည်း ပြီးခဲ့သည့် မေလ ၂၀ရက်နေ့တွင် လက်နက်ကိုင် အဖွဲ့ ၂ဖွဲ့ မှ နှစ်ဖက် အပြန်အလှန် လေကြောင်းဖြင့် တိုက်ခိုက်မှုများနှင့် အမြောက်များဖြင့် ပစ်ခတ်မှုများ ဆူဒန်နိုင်ငံ၏ မြို့တော် Khartoumမြို့တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ကြတာလည်း ဖြစ်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုများတွင် Khartoum မြို့ရှိ Qatariနိုင်ငံ၏ သံရုံးကို သေနတ်သမားများက ဝင်ရောက်လုယက်မှုများ ဖြစ်ပေါ်ခဲ့ပါသေးတယ်လို့ သတင်းဌာနများမှဖော်ပြပြောဆိုနေကြပါတယ်။