ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် အမျိုး သားရေး လှုပ်ရှားသူ တစ်ဦး လ္ဘက်ရည်သောက်နေစဥ် အကြမ်းဖက်လူငယ် တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

မေ ၂၆

ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မီးနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊(၄၈)ရပ်ကွက်၊ဗိုလ်မှူးဗထူးလမ်းနှင့်ဇေယျသိဒ္ဓိလမ်းထောင့်၊ ရွှေသုခလက်ဘက်ရည်ဆိုင်အတွင်း၌ ဦးတင့်လွင်၊၆၅ နှစ်၊(ဘ)ဦးသောင်း၊နေရိပ်လိပ်စာ စိစစ်ဆဲသည် ရွှေသုခလက်ဘက်ရည်ဆိုင် အတွင်း၌ ထမင်းကြော် စားနေစဉ် အကြမ်းဖက်လူသတ်သမား လူငယ် ၁ဦး (စိစစ်ဆဲ)မှ ဆိုင်အတွင်းဝင်ရောက်လာပြီး သေ နတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးတင့်လွင်၌  ဦးခေါင်းနောက်စေ့ ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ပါသည်။ 

 သေဆုံးသူ ဦးတင့်လွင် ကို မြောက်ဥက္ကလာပပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာအား လုံခြုံရေးပူးပေါင်းအဖွဲ့ဖြင့် စိစစ်လျက်ရှိကြောင်းနှင့်  တရားခံဖမ်းဆီး ရမိရေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။ 

အဆိုပါသေဆုံးသူ ဦးတင့်လွင် သည် အမျိုး သားရေး လှုပ်ရှားသူ တစ်ဦးဖြစ်ကြောင်း၊ ၎င်းမှာ ပထမအကြိမ် အပစ်ခံရဘူးပြီး သေဆုံးခြင်းမရှိခဲ့ ကြောင်း၊ ၎င်းကို အကြမ်းဖက် PDF များက သတ်ဖြတ်ရန် ချောင်းနေခြင်းဖြစ်ပြီး ယခုဒုတိယအကြိမ်ထပ်ပစ်ခံရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။ 
https://t.me/positiveanglenews

PAN