တကယ်တော့ မြန်မာနိုင်ငံဟာ အနောက်နိုင်ငံကြီးတွေရဲ့ နယ်ချဲ့ဖို့ကြိုးစားမူ့ကို ခံနေရတာ အတော်ကြာခဲ့ပါပြီ

ဘယ်လိုနည်းနဲ့ နယ်ချဲ့နေကြလဲလို့ မေးလာခဲ့ရင်
” ဘက်စုံစစ်ပွဲ” အသွင်နဲ့ နယ်ချဲ့ဖို့ကျိးစားနေတာ ဖြစ်ပါတယ်။

ခေတ်သစ်နယ်ချဲ့တွေဟာ မြေကိုသိမ်းဖို့ထက် မြေမသိမ်းဘဲသူတို့ရချင်တဲ့အကျိုးအမြတ် ရနိုင်ဖို့ကိုပဲ အားထုတ်လာကြတာ တွေ့ရပါတယ် ။

မြေကိုသိမ်းပြီး အုပ်ချုပ်ရတာ အတော်ပြဿနာကြီးမှန်း
ကုန်ကျစရိတ်များမှန်း သူတို့ သိနေကြပြီဖြစ်ပါတယ် ။

အဲဒီအတွက် စစ်ရေးထက်စာရင် နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ၊ သဘောတရားရေးနည်း ၊သံတမန်နည်း ၊ဝါဒဖြန့်ချိရေးနည်းစတဲ့ ဘက်စုံစစ်ပွဲအသွင်နဲ့ ကျူးကျာ်ဖို့ကိုပဲ သူတို့အာရုံစိုက်ကြိုးစားလာကြတာဖြစ်ပါတယ် ။

အခုလည်းပဲ သူတို့လက်ကိုင်တုတ်ဖြစ်တဲ့ NLD ပါတီက မဲလိမ်မဲခိုးလို့ ဖြုတ်ချ ခဲ့တဲ့ တပ်မတော်ကို နည်းလမ်းပေါင်းစုံနဲ့ တိုက်ခိုက်ပြီး တိုင်းပြည်ဆူပူမှု့တွေဖြစ်အောင် အကြမ်းဖက် NUG PDF တွေကို နောက်ကွယ်က ထောက်ပံ့နေတာ အားလုံးအသိပါ ။

တပ်မတော်အနေနဲ့ သူတို့ပေးထားတဲ့ ကတိအတိုင်း ရွေးကောက်ပွဲကို ကျင်းပပေးဖို့ လုပ်ဆောင်နေတာကို မရရအောင်ဖျက်ဖို့ ကျိးစားနေတာပါ ။

လက်ရှိမြန်မာနိုင်ငံသားတွေအနေနဲ့ ဒါကို သိဖို့အချိန်တန်ပြီ ဖြစ်ပါတယ် ဒါမှသာ ” Victory ” ဆိုတဲ့ V သင်္ကေတ ကို ကျွန်တော်တို့ ပြသနိုင်မှာ ဖြစ်ပါတယ်။

အဲလိုမှ မဟုတ်ရင်တော့ … … ။
အဲဒီ ” Victory ” သင်္ကေတရဲ့ ပြောင်းပြန်အတိုင်း
အကျိုးသက်ရောက်လာမှာပဲ ဖြစ်ပါတယ် ။

” V ” သင်္ကေတကို လက်နဲ့ ပြောင်းပြန်ထောင်ပြမိရင်
ပြောင်းလဲသွားတဲ့ ” သင်္ကေတ ” ရဲ့ အဓိပ္ပါယ်က
” ဖင်ကြွစမ်း ” လို့ပဲ ဖြစ်ပါကြောင်း … … ။ ။

#PAN