ငါန်းဇွန်မြို့နယ်အတွင်း အုပ်ချုပ်ရေးရွာခွဲတာဝန်ခံတစ်ဦးကို PDF အမည်ခံ လူသတ်အကြမ်းဖက် သမားများက သတ်ဖြတ်၊အကြမ်းဖက်သတ်ဖြတ်မှုများ ဆက်တိုက်ဖြစ်ပေါ်လာခြင်းအပေါ် ဒေသခံများမှ စိုးရိမ်ပူပန်လျက်ရှိ


မေ ၂၄

      ယမန်နေ့ည ၈ နာရီအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ငါန်းဇွန်မြို့နယ်၊သူနတ်စစ်ကျေး ရွာအုပ်စု၊နဘဲပင်ကျေးရွာနေ အုပ်ချုပ်ရေးရွာခွဲတာဝန်ခံ ဦးလွင်စန်း၊၄၈နှစ်၊(ဘ)ဦးညိမ်းသီးသည် အိမ်ဝိုင်းအတွင်းရှိ ပြောင်းခင်းအတွင်း ရေတင်နေစဥ် PDF အမည်ခံ လူသတ် အကြမ်းဖက်သမား(အင်အားစီစစ်ဆဲ)တို့ ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဦးလွင်စန်းမှာ သေနတ်ထိမှန်ဒဏ်ရာများ ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။

   PDF အမည်ခံ လူသတ်အကြမ်းဖက်သမားများသည် လက်ရှိအစိုးရ၏ အုပ်ချုပ်ရေးယန္တရားပျက်ပြားစေရန်ရည်ရွယ်ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို လိုက်လံသတ်ဖြတ်နေခြင်းဖြစ်ကြောင်း၊ ငါန်းဇွန်မြို့နယ်အတွင်း လုံခြုံရေးအခြေအနေ အေးချမ်းတည်ငြိမ်စပြုရာမှ ယခုရက်ပိုင်းတွင် အကြမ်းဖက်သတ်ဖြတ်မှုများ ဆက်တိုက်ဖြစ်ပေါ်လာခြင်းအပေါ် ဒေသခံများမှ စိုးရိမ်ပူပန်လျက်ရှိနေကြောင်း သတင်းရရှိပါသည်။

PAN