ကော့သောင်းမြို့နယ်၊ခမောက်ကြီးမြို့၊အောင်ချမ်းသာကျေးရွာအတွင်း အကြမ်းဖက် PDF များကဝင်ရောက်လာပြီး ရာအိမ်မှူးတစ်ဦးနှင့် အရံမီးသတ်တပ်ခွဲမှူးတစ်ဦးတို့ကို သတ်ဖြတ်


မေ ၂၃

     ယနေ့နံနက် ၅ နာရီခွဲအချိန်ခန့်တွင် တနင်္သာရီ တိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ခမောက်ကြီးမြို့၊အောင်ချမ်းသာကျေးရွာအတွင်းသို့ဆိုင်ကယ်များဖြင့် အမည်မသိအကြမ်းဖက် PDF များ ဝင်ရောက်လာပြီး ကျေးရွာရာအိမ်မှူး ဦးတင်သန်းနှင့် အရံမီးသတ်တပ်ခွဲမှူး ဦးအေးချိုတို့နှစ်ဦးအားပစ်ခတ်သတ်ဖြတ်သွားခဲ့ပါသည်။

      အကြမ်းဖက် PDF များသည် ကားတစ်စီးအပြည့်(vigoအဖြူဟုခန့်မှန်း)၊ဆိုင်ကယ် ၈ စီးခန့်ဖြင့် အင်အား ၃၀ ခန့်ပါရှိပြီး ဆိုင်ကယ်များသာရွာအတွင်းဝင်ရောက်လာကာ ကားမှာရွာထိပ်တွင်စောင့်ဆိုင်း၍ အဖွဲ့ ၂ ဖွဲ့ခွဲလုပ်ကြံသတ်ဖြတ်ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

    ၎င်း လူသတ်အကြမ်းဖက် PDF များသည် ပစ်ခတ်သတ်ဖြတ်ပြီးနောက် အောင်ချမ်းသာရွာထိပ်တံတားမှ မြောက်ဘက်မြေသားလမ်းဟောင်းအတိုင်းထွက်ခွာသွားကြောင်းသတင်းရရှိပါသည်။

     အဆိုပါရွာမှ ယခင် အုပ်ချုပ်ရေးမှူး ဦးမျိုး‌အောင် ကိုလည်း လူသတ်အကြမ်းဖက် PDF များက သတ်ဖြတ်ခဲ့သေးကြောင်း၊ ထို့ပြင် ယခုအသတ်ခံရသူ ဦးတင်သန်း၏ နေအိမ်ရှေ့သို့ အကြမ်းဖက် PDFများက ယခင်ကလည်း သေနတ်ဖြင့်လာရောက်ပစ်ခတ်ဖူးကြောင်းသိရှိရပါသည်။

PAN