(မှု့ခင်း)ဧပြီ ၁၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၊ကန်သာယာစုတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူနေအိမ် ၁၁လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဧပြီလ ၁၇ ရက်နေ့ ည ၁၁ နာရီအချိနိခန့်က ပေါင်မြို့နယ် သာယာစုကုန်းပိုင်း ကန်သာယာစုတွင် အိမ်ရှင်ဖြစ်သူ ဦးကိုဦးသည် လျှပ်စစ်ဒယ်အိုးအနီအား ပလပ်ပေါက်တပ်ပြီး ရှင်ပြုအလှုတစ်ခုသို့ လုပ်ကူရန်သွားရောက်ခဲ့ရာ ၎င်းဒယ်အိုးနီ အပူလွန်ကဲမှုကြောင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး အိမ်အနီးဝန်ကျင်ရှိ အိမ်များ ကူးစက်သွားခဲ့ရာ နေအိမ် ၁၁ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် လူသေဆုံးမှုမရှိကြောင်း မီးဘေးသင့် မိသားစုများကို အ.မ.က သာယာကုန်းကျောင်း၌ ကူညီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပေးထားကြောင်း နယ်မြေသတင်းအရ သိရသည်။


#PAN