ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊မှော်ဝမ်း ရပ်ကွက် တွင် KIA အကြမ်းဖက်သောင်းကျန်းသူ ၂ ဦးနှင့်အတူ ကျောက်စိမ်းအရိုင်း ၅၃ဒ ၉၂တန် ဖမ်းဆီးရမိ

မေ ၂၆      

ဒေသခံပြည်သူလူထု၏ သတင်းပေးမှုအရ ယမန်နေ့က ဖားကန့်မြို့နယ်၊ မှော်ဝမ်းရပ်ကွက် (၃)အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ  မှော်ဝမ်း (၃) ရပ်ကွက်နေအိမ်တစ်လုံးတွင်  KIAတပ်ရင်း(၆)မှ အရာခံဗိုလ်အဆင့်ရှိ လဘုန်(ခ)ဒေါ့ဖုန်းနှင့် တပ်ကြပ်ကြီးအဆင့်ရှိ ဒိုင်ခေါင် တို့ကို  ဖမ်းဆီးရမိခဲ့ပါသည်။         ၎င်းနောက် ရှင်းလင်းရှာဖွေစစ်ဆေးရာဂိုဒေါင်တစ်ခုအတွင်းတွင် KIA ဌာနချုပ် လိုင်ဇာသို့ ပေးပို့ရန် သိမ်းထားသည့် ဆာလာအိတ်ဖြင့်ထုပ်ထားသော ကျောက်စိမ်းရိုင်း ၁၃၄၈ အိတ် (၅၃.၉၂)တန် သိမ်းဆည်းကို လုံခြုံရေးတပ်ဖွဲ့ဝင် များက ဖမ်းဆီးရမိခဲ့သည်။       ဖမ်းဆီးရမိ KIO/KIA အကြမ်းဖက်သောင်း ကျန်းသူ ၂ ဦး အား ဥပဒေ နှင့်အညီအရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ https://t.me/positiveanglenews

#PAN