ပုသိမ်မြို့တွင် အခွန်အသိပညာပေး ဆွေးနွေးပွဲကျင်းပ

(စီးပွားရေး) မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် (၄) ရပ်ကွက် ကုန်သည်လမ်းရှိ ဧရာရွှေဝါခန်းမတွင် အခွန်ဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့မေ ၁၉ ရက် နံနက် ၉ နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမင်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူး ဦးညီညီလှိုင်၊ တိုင်းဒေသကြီး ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြည်သူများ စုစုပေါင်း (၃၅၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

အခွန်ဆိုင်ရာ အသိပညာပေးအစီအစဉ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအေးကျော်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အခွန်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ဒုတိယပိုင်းကို ဆက်လက်ကျင်းပခဲ့ပြီး တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူး ဦးညီညီလှိုင်က အခွန်ဆိုင်ရာ အသိပညာများကို ရှင်းလင်းပြောကြားခဲ့သည်။ထို့ပြင် တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ထို့အပြင် တိုင်းဒေသကြီး ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟက နိုင်ငံ့ဝန်ထမ်းများအတွက် ပြည်တွင်းဆေးကုသစရိတ် ပြန်လည်ထုတ်ပေးခြင်း လုပ်ငန်းစဉ်များနှင့် ခွေးရူးပြန်ရောဂါဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်သူများ၏ မေးမြန်းချက်များကိုလည်း ဆက်လက်ဖြေကြားခဲ့သည်။