ကျောက်မဲဒေသခံ ၃၀ ကျော်ကို TNLA က စစ်တပ်သတင်းပေး လို့စွပ်စွဲဖမ်းဆီး

(ပြည်တွင်း) စက်တင်ဘာ ၂၂

စစ်ရှုံးနေတဲ့ တအောင်းလက်နက်ကိုင် TNLA ဟာ ကျောက်မဲမြို့က အရပ်သား ၃၀ ကျော်ကို စစ်တပ်သတင်းလို့စွပ်စွဲပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ သက်ကြီးရွယ်အိုတွေ အမျိုးသမီးတစ်ချို့ပါဝင်နေသလို ပရဟိတသမားတစ်ချို့လည်းပါဝင်နေတယ်လို့ သိရပါတယ်။

TNLA ဟာ အရပ်သား​​တွေကိုသတင်းပေးဆိုကာ ရမ်းသမ်းဖမ်းဆီးသွားကြပြီး ချုပ်နှောင်စစ်ဆေးနေ​ပေမယ့် စစ်တပ်သတင်းပေးသူကို လိုက်ရှာပြီးဖမ်းနေတာ၊ အခုထိ မမိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

အလားတူ စက်တင်ဘာလ ၁၅ ရက် ညကလည်း ကျောက်မဲမြို့ ရပ်ကွက် (၁)၊ ရပ်ကွက် (၂)နဲ့ ပန်ပေါင်းရွာက ဒေသခံ စုစုပေါင်း (၃၀) ခန့်ကိုလည်း TNLA က အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ရှမ်းသတင်းတွေကဖော်ပြခဲ့ပြီး အခုအချိန်ထိ ပြန်လွတ်လာတယ်ဆိုတဲ့ဖော်ပြမှုတွေကိုတော့ မတွေ့ရသေးပါဘူး။

ရှမ်းသတင်းတွေရဲ့အဆိုအရ ဖမ်းဆီးခံရတဲ့ ဒေသခံချို့ကို TNLA က တောင်ပေါ်ဆိုတဲ့နေရာကို ဖမ်းဆီးခေါ်ဆောင်သွားသလို အချို့ကတော့ ကျောက်မဲမြို့ ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ကျောက်မမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် မြန်မာတပ်မတော်ဘက်က လေကြောင်းအပြင် မြေပြင်ထိုးစစ်တွေပြုလုပ်နေသလို ပစ်မှတ်တိကျတဲ့​လေကြောင်းနဲ့ဒရုန်းစစ်ဆင်ရေးကြောင့် သတင်းပေးရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဒေသခံတွေကို TNLA က အကြောင်းမဲ့ဖမ်းဆီးနေတာဖြစ်ပါတယ်။

#PAN