ကော့ကရိတ်မြို့နယ်၊ကျုံဒိုးရဲစခန်းကို PDF အမည်ခံလူသတ်အကြမ်းဖက်သောင်းကျန်းသူများက Drop Bomb ပစ်ချတိုက်ခိုက်

မေ ၃၀        ယနေ့ နံနက် ၉ နာရီ ၅ မီးနစ်အချိန်တွင် ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်၊ အမှတ်(၂) ရပ်ကွက်ရှိ ကျုံဒိုးရဲစခန်းကို PDF အမည်ခံလူသတ်အကြမ်းဖက်သောင်းကျန်းသူ ဦးစီးခေါင်းဆောင်/…

အောင်မြေသာစံမြို့နယ်တွင် လျှပ်စစ်ဓါတ်အားခွဲရုံကို PDF အမည်ခံ လူသတ်အကြမ်းဖက်များကလက်လုပ်မိုင်းဖြင့် ပစ်ပေါက်ထွက်ပြေး*****************************************မေ ၃၀     ယနေ့ နံနက် ၁၀ နာရီ ၁၅ မီးနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ဒေါနဘွားရပ်ကွက်၊၆၆လမ်း၊၁၇×၁၈လမ်းကြားရှိ နန်းရှေ့တိုက်တော် လျှပ်စစ်ဓါတ်အားခွဲရုံကို PDF အမည်ခံအကြမ်းဖက်လူငယ် ၂ ဦးစီးနင်းလာသည့် ဆိုင်ကယ်ပေါ်မှ ကွန်ကျူးပိုက်အပြာရောင်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။        လက်လုပ်မိုင်းမှာ ဓါတ်အားခွဲရုံဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် AG-20000 ဗို့အားရှိ ဘာဂျာတံခါး ပေါက်ကွဲပျက်စီးခဲ့ပြီး ဆီများပန်းထွက်ကာ ကျပ်သိန်း ၁၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိပါသည်။    PDF အမည်ခံလူသတ်အကြမ်းဖက်များအနေဖြင့် စစ်အာဏာရှင်တော်လှန်ရေးအကြောင်းပြပြီး လက်ရှိအစိုးရကို အုပ်ချုပ်မှုခက်ခဲစေရန် ရည်ရွယ်၍ ယခုလို အကြမ်းဖက်ဖျက်ဆီးရေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်းသည် အစိုးရထက် ပြည်သူလူထုကို ပိုမိုသက်ရောက်မှုရှိပြီး အခက်အခဲဖြစ်စေကြောင်း ပြည်သူများထံမှ ကြားသိရပါသည်။ #PAN

မွန်ပြည်နယ်၊ ရေးမြို့တွင် အလင်းဝင်လူငယ်နှစ်ဦးကို မိဘများထံသို့ ပြန်လည်အပ်နှံ*****************************************မေ ၃၀     ယနေ့ နံနက် ၉ နာရီအချိန်တွင်မွန်ပြည်နယ်၊  ရေးမြို့၊ စကခ(၁၉)ရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်သော ဥပဒေဘောင်အတွင်း လက်နက်ခဲယမ်းဖြင့် အလင်းဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်း မရှိသော PDF များအား ဆုကြေးငွေထောက်ပံ့ခြင်းနှင့် မိဘများထံသို့ ပြန်လည်အပ်နှံခြင်းအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရှိရပါတယ်။      အဆိုပါ အခမ်းအနားကို ဒုစကစမှူး၊ တပ်နယ်တပ်ရင်းမှ အရာရှိများ၊ ခစဖ(ဥက္ကဋ္ဌ)နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊မစဖ (ဥက္ကဋ္ဌ) နှင့်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလင်းဝင်လူငယ် ၂ ဦးနှင့် ၎င်း၏မိဘများ၊ စုစုပေါင်းအင်အား ၃၅ ဦးခန့်တက်ရောက်ခဲ့ကြပါတယ်။     အခမ်းအနားတွင် အလင်းဝင်လူငယ်နှစ်ဦးကဒုစကစမှူးထံ အလင်းဝင်လက်နက်ကို အပ်နှံခဲ့ပြီးခစဖ(ဥက္ကဋ္ဌ)မှ ဆုကြေးငွေများပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် အလင်းဝင်များကို ၎င်းတို့၏ မိဘများထံသို့ပြန်လည်အပ်နှံ၍ အခမ်းအနားကို နံနက် ၉ နာရီခွဲအချိန်တွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။ #PAN

ဒေသခံ တာဝန်သိပြည်သူများ၏ သတင်းပေးမှုအရ ဧရာဝတီတိုင်းဒေသကြီး၊ဟိုင်းကြီးကျွန်းမြို့အနီးမှ PDF အမည်ခံ လူသတ်အကြမ်းဖက်များ၏ လက် နက်နှင့် ဆက်စပ်ပစ္စည်း များကို သိမ်းဆည်းရမိ

မေ ၃၀     ယမန်နေ့က ဒေသခံ တာဝန်သိပြည်သူများ၏သတင်းပေးမှုအရ ဧရာဝတီတိုင်းဒေသကြီး၊ဟိုင်းကြီးကျွန်းမြို့၊သံပုရာကုန်းကျေးရွာ အနောက်ဘက်တောထဲရှိ တဲ ၂ လုံးအတွင်းမှ လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDFများ၏  လက်နက်နဲ့ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရှိရပါတယ်။…

ပြည်သူများ၏ လျှို့ဝှက်သတင်းပေးမှုအရ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရပ်ကွက်အတွင်း နေအိမ်တစ်ခုမှ PDF အမည်ခံ လူသတ်အကြမ်း ဖက်တရားခံ ၄ ဦးနဲ့အတူ အကြမ်းဖက်ပစ္စည်းများကို သိမ်းဆည်းရမိ*****************************************မေ ၃၀     ယနေ့ နံနက် ၈ နာရီအချိန်ခန့်တွင် တာဝန်သိ ပြည်သူများ၏ လျှို့ဝှက်သတင်းပေးမှုအရ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရပ်ကွက်၊ မင်းဒင် ၃ လမ်းရှိနေအိမ်အား ဝင်ရောက်ရှာဖွေရာ PDF အမည်ခံ လူသတ်အကြမ်း ဖက်တရားခံ ၄ ဦးနဲ့အတူ အကြမ်းဖက်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပါတယ်။       သတင်းအရ ဝင်ရောက်ရှာဖွေရာ အဆိုပါအိမ်အတွင်းမှ DJI Drone ၂ စီး၊ ၁၂ ဗို့ကျည် ၂၃၀ တောင့်၊ ၉ မမ ကျည် ၁၀၀ တောင့်၊ 7.62 စနိုက်ပါကျည် ၁၃၀ တောင့်၊ အီနာဂါ ၁ လုံး၊ လက်လုပ်မိုင်း ၆ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိ တရားခံများကို စစ်ကြောစစ်ဆေးလျှက်ရှိကြောင်းနှင့် တရားခံများကို အကြမ်းဖက်ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူသွားမည် ဖြစ်ကြောင်း သတင်းရရှိပါတယ်။ #PAN

ယမန်နေ့ညပိုင်းက မကွေးတိုင်း၊မင်းလှမြို့နယ်၌ အကြမ်းဖက် PDF ၈လောင်း၊လက်နက် ၇ လက် နှင့် ဆက်စပ် ပစ္စည်းများ ရရှိမှု မေ ၃၀ ယမန်နေ့ညပိုင်းက မကွေးတိုင်း၊မင်းလှမြို့နယ်၊ဒီးဒုတ်ကန် အိုးဘိုကုန်းရေဘော်လမ်းတွင်ယမန်နေ့…

ကျောက်ကြီးမြို့အဝင် အင်းသဘောက်တံတားကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့က ဒုတိယအကြိမ်း ဖောက်ခွဲဖျက်စီခံရ

မေ ၃၀      ပဲခူးတိုင်းဒေသကြီး၊ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့၊ မြို့အဝင် အင်းသဘောက်တံတားကို ယမန်နေ့ ည ၁၁ နာရီ ၅၀ မီးနစ်အချိန်တွင် လူသတ်အကြမ်းဖက်သောင်းကျန်းသူ KNU နှင့်…

သပိတ်ကျင်းမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ တစ်ဦးကို လူသတ်အကြမ်းဖက် PDF များက သတ်ဖြတ်

           မေ ၂၉      ယနေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊သပိတ်ကျင်းမြို့နယ်၊ကြာညှပ်ကျေးရွာအုပ်စု၊ကိုးပင်ကျေးရွာနေ ကိုဟိန်းဝင်းဇော်၊၂၂နှစ်၊(ဘ)ဦးဖိုးဇော်သည် ၎င်းပိုင် အခင်းတောသို့ နွားစာပြောင်းကြဲရန်…

သပိတ်ကျင်းမြို့နယ်၊ကိုးပင်ကျေးရွာနေ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ မောင်ဟိန်းဝင်းဇော် အသက် ၂၂ နှစ်အား အကြမ်းဖက် PDF ၆ ဦးမှ သေနတ်ဖြင့် ပစ်သတ်

မေ ၂၉ယနေ့ နေ့လည် ၂ နာရီ အချိန်ခန့်တွင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ကျေးရွာအုပ်စု၊ ကိုးပင်ကျေးရွာနေ မောင်ဟိန်းဝင်းဇော် အသက် ၂၂ နှစ် (ဘ) ဦးဖိုးဇော်၏သား…

ယင်းမာပင်မြို့နယ်အတွင်း ချင်းအကြမ်းဖက် PDF များနှင့် နယ်မြေခံအကြမ်းဖက် PDF များကို တပ်မတော်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်

မေ ၂၉      ယနေ့ မွန်းတည် ၁၂ နာရီအချိန်ခန့်တွင် ချင်းအကြမ်းဖက် PDF များသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အတွင်း ကားတစီးဖြင့် ဝင်ရောက်လာခဲ့ရာ ကပိုင်ကျေးရွာ၏တောင်ဘက် ယမားချောင်းအတွင်း…