သြဂုတ် ၁၇
ချင်းပြည်နယ်၊တီးတိန်မြို့၊ ပြည်သူ့ဆောက် လုပ်ရေးလုပ်ငန်း ရိပ်သာတွင် နေထိုင်လျက်ရှိသည့် တီးတိန်ခရိုင်အုပ်ချုပ်ရေးမှူး သုံးစွဲနေသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် Extra Cap မော်တော်ယာဥ်တစ်စီးကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်တွင် စိစစ်ဆဲ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က သိမ်းယူသွားကြောင်းသိရသည်။
ဖြစ်စဥ်မှာ တီးတိန်ခရိုင် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်ချမ်းငြိမ်သည် ပြင်ပရောက်နေချိန်၌ ရိပ်သာသို့ ၎င်းအကြမ်းဖက်လက်နက်ကိုင်အဖွဲ့ရောက်ရှိလာပြီး ကားသမားထံမှ ကားသော့တောင်းကာ ဌာနပိုင်မော်တော်ယာဥ်အား ယူ ဆောင်သွားခြင်း ဖြစ်သည်။
တီးတိန်မြို့နယ်တွင် အကြမ်းဖက်လက်နက် ကိုင်အဖွဲ့များဖြစ်ကြသော PDF Zoland၊ CDF Siyin၊ CDF Hualngoram ZRAနှင့် Eagle Mountain Force စသည့် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ရှိပြီး မည့်သည့်အဖွဲ့က ယခုလို့ ဌာနပိုင် မော်တော်ယာဥ်ကို ယူဆောင်းခြင်းဖြစ်သည်ကို မသိရသေးကြောင်း သတင်းရရှိပါသည်။
ယမန် နှစ်ကလည်း တီးတိန်မြို့နယ်အုပ်ချုပ်ရေးမှုးဖြစ်သူ ဦးကြည်မင်းထွန်းသည်လည်း တီးတိန်မြို့သို့ ရာထူးတိုးဖြင့် ရောက်ရှိလာပြီး ၁ နှစ်ဝန်းကျင်တွင် မြို့မဈေးအနီး၌ ရှိနေစဉ် အမည်မသိလက်နက်ကိုင်အဖွဲ့က ပစ်သတ်သွားခဲ့ကြောင်း သိရသည်။
#PAN